33 C
Yangon

ပုလဲမြို့ပေါ်ကို စစ်တပ်က လေကြောင်းဖြင့် ၅ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်မှု Non CDM ဝန်ထမ်း ၄ ဦး သေဆုံးပြီး ပြည်သူ ၁၀ ဦး ဒဏ်ရာရ၊ စစ်တပ်က ကျေးရွာများကိုပါ ဗုံးကျဲနေ၍ ရွာပေါင်း ၂၀ ကျော်မှ ပြည်သူ ၂ သောင်းကျော် တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၅ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် Non CDM ဝန်ထမ်း ၄ ဦး သေဆုံးပြီး ပြည်သူ ၁၀ ဦး ဒဏ်ရာရကာ စစ်တပ်က ကျေးရွာများကိုပါ ဗုံးကျဲနေ၍ ရွာပေါင်း ၂၀ ကျော်မှ ပြည်သူ ၂ သောင်းကျော် တိမ်းရှောင်နေရကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှစ၍ ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်က ပုလဲမြို့ပေါ်ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် Non CDM ဝန်ထမ်း ၄ ဦး သေဆုံးပြီး ပြည်သူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ပြည်သူများ နေထိုင်သည့် ကျေးရွာများကိုပါ လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲနေ၍ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူအရေအတွက် ထပ်မံများပြားလာပြီး လက်ရှိချိန်တွင် ကျေးရွာ ၂၀ ကျော်မှ ပြည်သူ ၂ သောင်းကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် လက်ရှိချိန်တွင် ပုလဲမြို့ပေါ် ၊ မြကုန်းကျေးရွာ ၊အေးကုန်းကျေးရွာ၊ အလယ်ဘုံကျေးရွာ၊ ဇောင်ဂျမ်းကုန်းကျေးရွာ၊ မန်ကျည်းခွကျေးရွာ၊ ကုက္ကိုကုန်းကျေးရွာ၊ ကျွန်းဘိုကုန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ဖိုကုန်းကျေးရွာ၊ ရွာသာကျေးရွာ၊ လိန်ကုန်းကျေးရွာ၊ ရွာထင်ကျေးရွာ၊ ကြိုးကြာဥကျေးရွာ၊ ရိုး(တောင်)ကျေးရွာ၊ ရိုး(မြောက်) ကျေးရွာ၊ နွယ်ရှောက်ကျေးရွာ၊ လက်ပုကန်ကျေးရွာ၊ မင်းတိုင်ပင်ကျေးရွာ၊ ကြောင်သန်းကျေးရွာ၊ စေတီရုံကျေးရွာနှင့် ကံကြီးကျေးရွာ တို့မှ ပြည်သူ ၂ သောင်းကျော် တိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် စစ်ဘေးရှောင် ပြည်သူအရေအတွက် ပိုမိုများပြားလာ၍ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အနွေးထည်နှင့် စောင်များ အရေးပေါ်လိုအပ်နေကြောင်း သိရှိရသည်။

“စစ်တပ်ရဲ လေကြောင်း တိုက်ခိုက်မှုကြောင့် ပုလဲမြို့ပေါ်က Non CDM ဝန်ထမ်း အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၃ ဦး သေဆုံးတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့ ပြည်သူလည်း ၁၀ ဦးရှိတယ်လို့ ကနဦး သိထားရတယ်။ အရေအတွက် အတိအကျကို ထပ်မံ သိရဖို့ စုံစမ်းနေပါတယ်” ဟု စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ပုလဲမြို့ကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်များဖြင့် မြေပြင် အင်အားဖြည့်တင်းပြီး လေကြောင်းဖြင့် အပြင်းအထန်ခုခံ တိုက်ခိုက်နေခြင်းကြောင့် လက်ရှိချိန်ထိ မြေပြင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး တော်လှန်ရေး တပ်ဖွဲ့များကို မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ရေး အတွကိ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ဒေသတွင် စစ်ရေးသတင်းရင်းက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article