29 C
Yangon

နောင်ချို၊ ဖားဆောင်းနှင့် ဖယ်ခုံမြို့နယ်တို့ကို စစ်ကောင်စီက စစ်လေယာဉ်များဖြင့် ဗုံးကျဲချမှု ပြည်သူ၁ ဦးသေဆုံးပြီး နေအိမ်နှင့်အဆောက် အအုံများ ပျက်စီး

Must read

နောင်ချို၊ ဖားဆောင်းနှင့် ဖယ်ခုံမြို့နယ်တို့ကို စစ်ကောင်စီက စစ်လေယာဉ်များဖြင့် ဗုံးကျဲချမှု ပြည်သူ၁ ဦးသေဆုံးပြီး နေအိမ်နှင့်အဆောက် အအုံများ ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ယမန်နေ့ ညပိုင်း စစ်ကောင်စီက စစ်လေယာဉ်များဖြင့် ဗုံးကျဲချသဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း နောင်ချိုမြို့နယ်မှ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီ ၄ မိနစ်အချိန် နေပြည်တော်အေလာလေတပ်စခန်းမှ တိုက်လေယာဉ်သည် နောင်ချိုမြို့နယ်၊ လုံစံကျေးရွာပေါ်သို့ ဗုံးများကျဲချခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာပေါ်သို့ ဗုံးကျဲချခြင်းဖြစ်ကြောင်း၊ အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးခန့်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

အလားတူ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲအနောက်ဖက်ရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက်စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲခဲ့၍ နေအိမ်သုံးလုံးပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၁၀ နာရီခွဲအချိန် ဖယ်ခုံမြို့နယ်၊ မိုးဗြဲအနောက်ဘက်ရှိ ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းနှင့် ဗုံးကျဲချခဲ့ခြင်း ဖြစ်ကြောင်း ၊ ပြည်သူ ထိခိုက်မှုမရှိသော်လည်း နေအိမ် ၃ လုံးပျက်စီးသွားခဲ့ကြောင်း သိရှိရသည်

“ပြည်သူထိခိုက်တာတော့မရှိပါဘူး။ နေအိမ်သုံးလုံးပျက်စီးသွားပါတယ်။ တိုက်ပွဲမဖြစ်ဘဲ လာကျဲသွားတာပါ”ဟု ဖယ်ခုံမြို့နယ်ကြားကာလပူးပေါင်း အုပ်ချုပ်ရေးကောင်စီ၏ Emergency Response Coordination Team မှ တာဝန်ရှိသူက ပြောဆိုသည်။

ထိုသို့ အကြမ်းဖက်စစ်တပ်က ေလယာဥ်နှင် ဗုံးကျဲချနေသည့်အတွက် ပြည်သူများအနေနှင့် စစ်​ရေးအခြေအနေများကိုဂရုစိုက်နားစွင့်ပြီးနေကြရန် ဖယ်ခုံမြို့နယ်ကြားကာလပူးပေါင်း အုပ်ချုပ်ရေးကောင်စီ၏ Emergency Response Coordination Team က နှိုးဆော်ထားသည်။

ထို့ပြင် နိုဝင်ဘာလ ၁၅ ရက်နေ့နှင့် နိုဝင်ဘာလ ၁၆ ရက်နေ့တို့တွင် ကရင်နီပြည်၊ ဖားဆောင်းမြို့အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်မှု ၄ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွက် ဖားဆောင်းမြို့ထဲတွင်ကျန်ရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဖားဆောင်းပြည်သူ့ကာ ကွယ်ရေး တပ်သားများနှင့် တပ်ပေါင်းစုတို့ က ၀န်းရံပိတ်ဆို့ တိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြောင်း၊ အဘက်ဘက်မှ စစ်ကူများ မလာနိုင်ရန် အတွက်လည်း တားဆီးကာကွယ်ထားကြောင်း၊ အထိနာနေသော အကြမ်းဖက် စစ်ကောင်စီက မြို့ရွာ ၊ ရပ်ကွက်တို့အား တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်လျက် ရှိသောကြောင့် ပြည်သူများအနေဖြင့် အသိ၊ သတိဖြင့် သွားလာနေထိုင်ကြပါရန် ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(အမှတ်-1108 တပ်ရင်း) နှင့် ဘောလခဲခရိုင်၊ကယား(ကရင်နီ) တို့က တိုက်တွန်းနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article