32 C
Yangon

ပေါက်ခေါင်းတွင် စစ်မှုထမ်းစုဆောင်းနေသော ပျူစောထီး အောင်ဌေး ပစ်ခတ်ခံရပြီး သေဆုံး ၊ ရေနံချောင်း၊ စမ်းကြီးရွာတွင်လည်း ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင် သံဒိုး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ်များ စုဆောင်းနေသော ပျူစောထီး အောင်ဌေး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် ညောင်ဝန်းအုပ်စု ပေါ်လံကြီးကျေးရွာတွင် စစ်ကောင်စီအတွက် စစ်မှုထမ်း တပ်သားသစ်များ စုဆောင်းစည်းရုံးခေါ်ဆောင်နေသူ ပျူစောထီး အပတ်စဉ် ၁ သင်တန်းဆင်း အောင်ဌေးကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁တပ်ရင်း တပ်ခွဲ ၄ နှင့်၃၆၀၂တပ်ရင်း တပ်ခွဲ ၃ တို့က ပူးပေါင်းပြီး ၎င်း၏ နေအိမ်သို့သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ ပျူစောထီး အောင်ဌေး၏ ဝမ်းဗိုက် ကျည်ထိမှန်ပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။

သေဆုံးသွားသော ပျူစောထီးအောင်ဌေး သည် စစ်ဆေးရေးဂိတ်တွင် စစ်တပ်နှင့်အတူ ပြည်သူများကို စစ်ဆေးခြင်း၊ ဆဲဆိုရမ်းကားခြင်း၊ စစကောင်စီအတွက် စစ်သားစုဆောင်းပေးခြင်း၊ တော်လှန်ရေးထောက်ပို့များ၏သတင်းအချက်အလက်များကို စစ်ကောင်စီထံသို့ ပေးပို့နေသူ ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ပြည်သု့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ရဲ၊အုပ်ချုပ်ရေးမှူး၊ပျူစောထီးများကိုပြတ်သားစွာအရေးယူဆောင်ရွက်နေပြီဖြစ်သောကြောင့် ပြည်သူများအနေဖြင့် သတင်းပေးခြင်း၊ လမ်းပြလိုက်ခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူတကွနေထိုင်ခြင်းတို့ကို မပြုလုပ်ကြရန်၊ စစ်ကောင်စီတပ်၏ ရုံးနေရာများကို ရှောင်ရှားကြရန် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်း က သတိပေးထားသည်။

ထို့ပြင် မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ အရှေ့ကုန်းကျေးရွာအုပ်စု၊ စမ်းကြီးကျေးရွာတွင်လည်း စစ်မှုထမ်း စုဆောင်းနေသော ပြည်သူ့ရှေ့ဆောင်ပါတီ(ဖျက်သိမ်း) ဥက္ကဋ္ဌ လည်းဖြစ် ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်လည်းဖြစ်သော သံဒိုး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၁၁ နာရီခွဲအချိန် ရပ်/ကျေးအဖွဲ့ဝင် သံဒိုးကို လူတချို့က လာရောက် ဖမ်းဆီးသွားကြောင်း၊ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် သံဒိုး၏ အလောင်းကို ရွာပြင်တွင် ပြန်လည် တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article