33 C
Yangon

ဖြူးမြို့နယ်၊ ညောင်ပင်သာရွာမှ ထွက်လာသည့် စစ်တပ် စစ်ကြောင်းကို KNLA၊ PDF ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရွာမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို KNLA၊ PDF ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိကြောင်း သာယာဝတီခရိုင် ပကဖ စစ်ရေး တာဝန်ခံ ရဲဘော်သစ္စာ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် အစောပိုင်း ၂ နာရီ ၃၄ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ ညောင်ပင်သာရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“စစ်ခွေး ထိခိုက်သေဆုံးမှုရှိပေမယ့် အရေအတွက်ကိုတော့ အတည်ပြုလို့ မရသေးဘူး။ ခွေးတွေက စစ်ကြောင်းထိုးတာလား။ ကင်းလှည့်တာလားတော့မသိဘူး။ တိုက်ပွဲဖြစ်ပြီးတော့ စစ်ခွေးစစ်ကြောင်းက နောက်ပြန်ဆုတ်သွားတယ်” ဟု သာယာဝတီခရိုင် ပကဖ စစ်ရေး တာဝန်ခံ ရဲဘော်သစ္စာ က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA စစ်ကြောင်း၊ သာယာဝတီခရိုင် ပကဖ နှင့် ဖြူးမြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article