34 C
Yangon

အမှတ် ၂ စစ်ဗျူဟာ ရေယာဉ်အုပ်စုမှူး ဗိုလ်မှူးကြီး ခင်ဇော် လက်အောက်ခံ အမျိုးသမီးစစ်သည် ၆ ဦးနှင့် လူမှုရေး အရှုပ်တော်ပုံဖြစ်ပွားနေပြီး တရားမဝင် ကုန်စည်သယ်ယူမှုများမှ ငွေကျပ် သိန်းထောင်ချီ လစဉ်ရ ၊ စစ်ကောင်စီထိပ်ပိုင်းက အရေးမယူဘဲ လျစ်လျူရှု

Must read

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ် ဗျုဟာစစ်ရေယာဉ်စုများ လက်အောက်ခံ အမှတ် ၂ ဗျူဟာ စစ်ရေယာဉ်စုမှ အုပ်စုမှူး ဗိုလ်မှူးကြီး ခင်ဇော်သည် လက်အောက်ခံ အမျိုးသမီး စစ်သည်များနှင့် လူမှုရေး အရှုပ်တော်ပုံများဖြစ်ပွားလျက်ရှိသည့်အပြင် သင်္ဘောများ၏ တရားမဝင် ကုန်စည်သယ်ယူမှုများမှ လာဘ်ငွေ ကျပ်သိန်းထောင်ချီ လစဉ်ရရှိနေကြောင်း စစ်တပ်သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် တပ်တွင်း အကျင့်ပျက်ခြစားမှု ၊ လူမှုရေး ဖောက်ပြန်မှုများကို အရေးမယူဘဲ လျစ်လျူရှုထားကြောင်း၊ ထိုသို့ အရေးမယူဘဲ အကျင့်ပျက်ခြစားပြီး လှုမှုရေး ဖောက်ပြန်နေကြသည့် စစ်အရာရှိကြီးများတွင် အမှတ် ၂ စစ်ဗျူဟာ ရေယာဉ်အုပ်စုမှူး ဗိုလ်မှူးကြီး ခင်ဇော် ပါဝင်သော်လည်း စစ်ကောင်စီ ထိပ်ပိုင်းက တစ်စုံတစ်ရာ အရေးယူမှု မရှိကြောင်း သိရှိရသည်။

အမှတ် ၂ စစ်ဗျူဟာ ရေယာဉ်အုပ်စုမှူး ဗိုလ်မှူးကြီးခင်ဇော်သည် ရေတပ်ဦးစီးချုပ်ဟောင်း ဇွဲဝင်းမြင့်၏ လက်ရုံး တပည့်ရင်းဖြစ်ပြီး ဇွဲဝင်းမြင့်၏ နေရာပေးမှုဖြင့် အမှတ် ၂ စစ်ဗျူဟာ ရေယာဉ်အုပ်စုမှူးဖြစ်လာကြောင်း၊ အမှတ် ၂ စစ်ဗျူဟာ ရေယာဉ်အုပ်စုတွင် တာဝန်ထမ်းဆောင်နေသော အမျိုးသမီးအကြပ်စစ်သည် ၆ ဦးနှင့် လူမှုရေး ဖောက်ပြန်မှုများဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူက အပတ်စဉ် ၃၈ ကျောင်းဆင်းဖြစ်ပါတယ်။ အမှတ် ၂ ဗျူဟာစစ်ရေယာဥ်စု ဗိုလ်မှူးကြီးခင်ဇော်မှာ ဇနီးဒေါ်စုစုလိူင်နဲ့ သား ၂ ဦးရှိတယ်။ တစ်မိသားစုလုံးက အောက်လက်ငယ်သားအပေါ် နိုင်စားညှင်းပန်းမှုတွေရှိတယ်။ ဒါ့အပြင် ဗိုလ်မှူးကြီး ခင်ဇော်က သူရဲ့ စစ်ဗျူူဟာ ရေယာဉ်အုပ်စုမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီး အကြပ်စစ်သည် ၆ ဦးနဲ့ လူမှုရေး ဖောက်ပြန်မှုတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေကို ထိပ်ပိုင်းမှာ တိုင်ကြားမှုရှိပေမယ့် ဘာမှ အရေးယူမှုမရှိဘူး” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ဗိုလ်မှူးကြီး ခင်ဇော် ဦးဆောင်သော အမှတ် ၂ စစ်ဗျူဟာ ရေယာဉ်အုပ်စုက မြစ်ကြောင်းနှင့် ပင်လယ်ပြင်အတွင်းသွားလာနေသော ကုန်စည်တင်သင်္ဘောများကို ဖမ်းဆီးစစ်ဆေးပြီး လာဘ်ငွေယူ လွှတ်ပေးမှုများ အကြီးအကျယ် လုပ်ဆောင်နေကြောင်း၊ အဆိုပါ ဖမ်းဆီး စစ်ဆေး၍ လာဘ်ငွေယူ ပြန်လွှတ်ပေးသည့် စစ်ဆေးရေး လုပ်ငန်းစဉ်မှ လစဉ် ငွေကျပ် သိန်း ၁၅၀၀ နှင့် ၂၀၀၀ အကြား ရရှိနေကြောင်း သိရှိရသည်။

“သူ့နဲ့ သူရေယာဉ်အုပ်စုက သင်္ဘောတွေကို ဖမ်းဆီး၀င်ငွေရှာတာကနေ တစ်လ သိန်း ၁၅၀၀နဲ့ ၂၀၀၀ အကြားရှိပါတယ်။ အဲဒီငွေတွေနဲ့ပဲ အထက်ကို ပေးကမ်းပြီး သူတို့ကို အရေးမယူအောင် လုပ်ထားတာ။ လူမှုရေးဖောက်ပြန်တဲ့ကိစ္စ အထက်ကိုတိုင်လည်း အရေးယူတာမရှိဘူး။ သူက အရမ်းသရမ်းလွန်းတယ်။ သူရှေ့မှာ အမျိုးသမီးမြင်ရင် အပျို အအို မရွေးဘူး ဖောက်ပြန်တာပဲ” ဟု တပ်သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

ဗိုလ်မှူးကြီး ခင်ဇော် ဦးဆောင်သော အမှတ် ၂ စစ်ဗျူဟာရေယာဉ်အုပ်စုအောက်တွင် သင်္ဘောများကို ဖမ်းဆီး ငွေရှာနေသည့် စစ်သင်္ဘော ၁၀ စီးထက်မနည်းရှိနေပြီး စစ်သင်္ဘောအမှတ် ၇၇၁၊ ၇၇၂၊ ၁၆၀၃၊ ၁၆၁၄ ၊ ၅၆၀၊ ၄၇၅၊ ၄၅၆၊ ပြည်တော်အေး ၃၊ ၅၆၉ ၊ ၅၅၈၊ ၉၄၁ တို့က ဖမ်းဆီး ငွေရှာမှုများကို အဓိက လုပ်ဆောင်နေကြောင်း သိရှိရသည်။

အလားတူ စစ်သင်္ဘောများအတွက် ချထားပေးသည့် ဒီဇယ်နှင့်စက်သုံးဆီများကိုလည်း မှောင်ခိုစျေးကွက်သို့ ပြန်လည်ထုတ်ယူရောင်းချကာ ရရှိသည့်ငွေကြေးများကို အမှတ် ၂ စစ်ဗျူဟာ ရေယာဉ်အုပ်စုမှ တပ်ဖွဲ့ဝင်များအားလုံး သက်သာချောင်ချိရေးအမည်တပ်၍ ခွဲဝေယူကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article