28 C
Yangon

နောင်ချိုတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိ၊ နိုဝင်ဘာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချိုတွင် ပြည်သူ ၁၇ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ၃ နာရီအချိန်တွင် စစ်ကောင်စီတပ်က ကုန်းကြီးကျေးရွာသို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကြဲချရာ ဘုန်းကြီး ကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းဝင်းအတွင်းရှိ အသက် ၂၃ နှစ်အရွယ်အမျိုးသမီးတစ်ဉီးသေဆုံးကာ အမျိုးသား ၂ ဉီးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူနိုဝင်ဘာလ ၂၀ ရက်နေ့ ညသန်းခေါင်ယံ ၁၂ နာရီ အချိန်တွင်လည်း နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာသို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် ဗုံးလာရောက်ကြဲချရာ ကျေးရွာအတွင်းသို ပေါင် ၅၀၀ ဗုံး ၁ လုံး ကျရောက်ပေါက်ကွဲပြီး ဒေသ အမျိုးသား ၁ ဉီးထိမှန်သေဆုံးကာ ၃ ဉီးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်သည် လေကြောင်းကိုအသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် နောင်ချိုမြိုနယ်တွင် နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပြည်သူ ၁၇ ဉီး သေဆုံးပြီး ၂၆ ဉီးထိမှန်ဒဏ်ရာရရှိကာ နေအိမ်အများအပြားပျက်စီးခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က သတိပေးသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article