24 C
Yangon

ပုသိမ်၊ ကြက်ပေါင်ရွာတွင် စစ်မှုထမ်းရန် တပ်သားသစ် စုဆောင်းမပေးနိုင်သော အုပ်ချုပ်ရေးမှူးကို ဖြုတ်ချပြီး ကြံ့ဖွတ် ပါတီဝင် မောင်ဌေးကို အစားထိုးခန့်အပ်၊ စစ်တပ်က မြို့တွင် ပေါ်တာဆွဲဖမ်းနေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ၊ ကြက်ပေါင်ရွာတွင် အကြမ်းဖက် စစ်တပ်အတွက် လူစုဆောင်းပေးနိုင်ခြင်းမရှိသော အုပ်ချုပ်ရေးမှူးကို ဖြုတ်ချပြီး လောင်းကစားဒိုင်၊ အမှုပွဲစား ကြံ့ဖွတ် ပါတီဝင် မောင်ဌေးကို ခန့်အပ်လိုက်ကြောင်း ပုသိမ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ပုသိမ်မြို့နယ်၊ ကြက်ပေါင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကျော်မိုးကို အကြမ်းဖက် စစ်တပ်အတွက် လူစုဆောင်း ပေးနိုင်ခြင်းမရှိသောကြောင့် စစ်ကောင်စီ တပ်သားမျာက ဖြုတ်ချလိုက်ပြီး ကျေးရွာအတွင်းရှိ လောင်းကစား ဒိုင်ကိုင်ပြီး အမှုပွဲစား လုပ်နေသည့် ကြံ့ဖွတ်ပါတီဝင် မောင်ဌေးကို အုပ်ချုပ်ရေးမှူး အဖြစ်ခန့်အပ်လိုက်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ခန့်အပ်လိုက်သော ကြံ့ဖွတ်ပါတီဝင် မောင်ဌေးသည် စစ်တပ်၏ အကြီးစား ဒေါက်တိုင်ဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်များနှင့် စစ်သားများကို သတင်းပေးခြင်း၊ စစ်သားနှင့် ရဲများနှင့် ပူးပေါင်း၍ လောင်းကစားဝိုင်းများပြုလုပ်ခြင်း၊ သက်ငယ်မုဒိန်းများနှင့် အမှုအခင်းများကို အမှုပွဲစားလုပ်၍ လာဘ်စားခြင်း ၊ တာဝါတိုင်ဆီ ခိုးထုတ် ရောင်းစားနေသူဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကြံ့ဖွတ်ပါတီဝင် မောင်ဌေး အုပ်မှူးဖြစ်လာသည့်အတွက် ကျေးရွာအုပ်စုအတွင်း နေထိုင်သော ပြည်သူများသည် စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။

ထို့ပြင် ပုသိမ်မြို့ အမှတ် ၁၀ ရပ်ကွက်တွင်လည်း အကြမ်းဖက် စစ်တပ်ခန့် အုပ်မှူး အေးကိုက နိုဝင်ဘာလ ၁၈ ရက်နေ့ ရေအိုးစင်‌ရပ်ကွက်တွင် စပါးရိတ်နေသော လူငယ် ၂ ဦးကို စစ်မှုထမ်း တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူး အေးကိုသည် ၁၀ ရပ်ကွက်အတွင်းရှိ နယ်မြေ ၁ ခုလျှင် ပြည်သူ ၁ ဦးနှုန်းဖြင့် စစ်မှုထမ်း တပ်သားသစ် စုဆောင်းရန် စီစဥ်နေပြီး စစ်မှုထမ်းရန် ခေါ်ဆောင်သည်ဟု တိုင်ကြားသူရှိပါက ဝတ္တရားနှောက်ယှက်မှုဖြင့် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်မှုများလည်း လုပ်ဆောင်နေကြောင်း၊ အေးကိုသည် အရက်သေစားသောက်စားမူးယစ်ကာ ၊မိန်းမကိစ္စပွေရှုပ်သူဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article