25 C
Yangon

ပေါက်မြို့နယ်တွင် ပျူစောထီး ၃ ဦးအရှင်ဖမ်းမိပြီး စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၂

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ပျူစောထီး ၃ ဦးအရှင်ဖမ်းမိခဲ့ပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် ပေါက်မြို့နယ်၊ တရော်ကိုင်း ပျူစောထီးကျေး ရွာမှ ပျူစောထီး ၃ ဦးသည် ရိက္ခာရှာဖွေရန်အတွက် တရော်ကိုင်းကျေးရွာဘက်သို့ ထွက်လာစဉ် ဇေယျာဦး ခေါ် ပျူစော ထီး ၁ ဦးကို တော်လှန်ရေးတပ်များက အရှင်ဖမ်းမိခဲ့ပြီး ကျန် ၂ ဦး မှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်ကလည်း ပေါက်မြို့နယ်၊ ရွှေဘုံသာကျေးရွာမှ ပျူစောထီး ၂ ဦးကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

ထို့အတူ နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၁၂ နာရီအချိန် ပေါက်မြို့အနီးတပ်စွဲထားသော အကြမ်းဖက်စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ၇ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပေါက်မြို့နယ် ၊ ဇီးဖြူကုန်း ကျေးရွာ အနီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူများ ထိခိုက်မှု မရှိကြောင်း၊ အလားတူ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန် စစ်တပ်က လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ ခွေးအတွင်းကျေးရွာအနီး ၁ လုံးနှင့် ခွေးအတွင်းကျေးရွာအတွင်း ၁ လုံး ကျ ရောက်ပေါက်ကွဲခဲ့ရာ အမျိုုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရ သည်။

“တိုက်ပွဲမရှိဘဲနဲ့ ပစ်တာ၊ ၂၁ ရက် ၁၂ နာရီကျော်ကျော်လောက်ကနေ စပစ်တာ၊ ပစ်တာက ၇ လုံးပစ် တာ၊ တစ်လုံးက မကွဲဘူး။ ခွေးအတွင်းရွာမှာက ပြည်သူ ၂ ယောက်ထိတယ်၊ မစိုးရိမ်ရဘူး။ မြေခြား မှာ ထိတာလည်း မစိုးရိမ်ရဘူး။ ဒီနောက်ပိုင်းတော့ ပစ်တာမရှိဘူး။ တိုက်ပွဲလည်းမရှိပါဘူး” ဟု ပေါက်တောင်ပိုင်းကပဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ထို့ပြင် နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၁ နာရီ အချိန်တွင် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြေခြားကျေးရွာအနီး ၂ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ကျန်လက်နက်ကြီး ၁ လုံးမှာ ပေါက်ကွဲခြင်း မရှိ ကြောင်း သိရသည်။

နိုဝင်ဘာလ၂၁ ရက် နံနက် ၁ နာရီ ၄၀ မိနစ်အချိန်တွင် ပေါက်မြို့နယ် ကပစ ၂၄ တပ်မှ ၈၁ မမ လက် နက်ကြီးဖြင့် ၃ ချက် ပစ်ခတ်ခဲ့ရာ ပလောင်းကျေးရွာ အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူလူထု ထိ ခိုက်မှု မရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article