စလင်းမြို့နယ်၊ သစ်ခေါက်တောင်ရွာ စစ်တပ်ကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ
မကွေးတိုင်း၊ စလင်းမြို့နယ်၊ သစ်ခေါက်တောင်ရွာ စစ်တပ်ကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၈ မိနစ်တွင် စလင်းမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ သစ်ခေါက်တောင်ရွာ ကင်းစခန်းကို ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့က အနီးကပ် ၀င်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး တော်လှန်ရေး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စလင်းမြို့နယ် အတွင်းက သစ်ခေါက်တောင်ရွာ စစ်ခွေး ကင်းစခန်းကို ကျွန်တော်တို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့က အနီးကပ် ၀င်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ထိတွေ့ ပစ်ခတ်မှု မိနစ် ၃၀ လောက် ကြာမြင့်ခဲ့တယ်။ စစ်ခွေးတွေ ဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ပါတယ်။ ကျွန်တော်တို့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။