24 C
Yangon

ရေးမြို့နယ်ရှိ မိုင်းခွဲခံရသော ကိုးမိုးတံတားတွင် စစ်ကောင်စီတပ်များ ရောက်ရှိ တပ်စွဲ

Must read

ရေးမြို့နယ်ရှိ မိုင်းခွဲခံရသော ကိုးမိုးတံတားတွင် စစ်ကောင်စီတပ်များ ရောက်ရှိ တပ်စွဲ

ရန်ကုန်၊ နိုဝင်ဘာ ၂၂

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-ထားဝယ်လမ်းပိုင်းရှိ ယနေ့နံနက်ပိုင်း မိုင်းခွဲခံရသော ကိုးမိုးတံတားတွင် စစ်ကောင်စီတပ်များ ရောက်ရှိ တပ်စွဲထားကြောင်း ပိတ်မိနေသော ခရီးသွားပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၂ ရက် နံနက် ၅ နာရီကျော်အချိန် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးမြို့နှင့် မလွဲတောင်ကြားရှိ ကိုးမိုင်တံတား မိုင်းခွဲခံရပြီးတံတား ပျက်စီးသွားကြောင်း၊ ကိုးမိုင်တံတား၏ တံတားလမ်းသားများ ပြိုကျပျက်စီးသဖြင့် ခရီးသွားမော်တော်ယာဉ် အများအပြား ပိတ်မိနေခဲ့ကြောင်း၊ ယင်းနောက် မွန်းတည့်ပိုင်းတွင် စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး တံတားနှင့် မနီးမဝေးတွင် တပ်ချထားကြောင်း သိရှိရသည်။

“မနက်က မိုင်းကွဲပြီးတော့ တံတား ကတ္တရာတွေနဲ့ လမ်းသားတွေအကုန် ပြိုကျ ကြွတက်နေတယ်။ အဲဒါ ခရီးသည်တင်ကားတွေ ဖြတ်မရတော့ဘူး။ ဟိုဘက်ရော ဒီဘက်ရော ပိတ်မိသွားတာ။ တံတားအောက်ခြေတော့ မထိဘူးလို့ ပြောတယ်။ ပြန်ပြင်ရင် အချိန်နည်းနည်းလောက်နဲ့ ပြန်ရနိုင်တယ်လည်းပြောတယ်။ သိပ်တော့ နားမလည်ဘူး။ နေ့လယ်မှာ စစ်တပ်က လူတွေ ရောက်လာတယ်။ အခုတော့ အဲဒီအနားမှာ အင်အား ၄၀ လောက်ရှိတဲ့ စစ်ကြောင်းတော့ တွေ့တယ်” ဟု ခရီးသွားပြည်သူတစ်ဦးက ဆိုသည်။

အဆိုပါ တံတား မိုင်းခွဲမှုကို စစ်ကောင်စီက တော်လှန်ရေးတပ်များက လုပ်ဆောင်သည်ဟု စွပ်စွဲသတင်းထုတ်ပြန်ပြီး တော်လှန်ရေးတပ်တချို့ကမူ ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း ငြင်းဆိုသည်။

ရေးမြို့နယ်တွင် စစ်အာဏာရှင် တော်လှန်ရေး လုပ်ဆောင်နေသော ရေးဘီလူးတပ်ဖွဲ့က ကိုးမိုင်တံတား မိုင်းခွဲခံရမှုသည် ၎င်းတို့နှင့် မပတ်သက်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ တရားဝင် ထုတ်ဖော်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article