34 C
Yangon

နောင်ချိုမြို့ကို ယမန်နေ့ညသန်းခေါင်ယံအချိန် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များ ပျက်စီး

Must read

နောင်ချိုမြို့ကို ယမန်နေ့ညသန်းခေါင်ယံအချိန် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို ယမန်နေ့ညသန်းခေါင်ယံအချိန် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များ ပျက်စီးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၁၁ နာရီ ၅၅ မိနစ်အချိန် နောင်ချိုမြို့ စျေးရပ်ကွက်၊ နယ်မြေ ၁၀ သို့ အကြမ်းဖက်စစ်ကောင်စီတပ်၏ လေယာဥ်က ပေါင် ၅၀၀ ဗုံး ၂ လုံးကျသွားခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးပြီး ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ သို့ရာတွင် ထိခိုက်ဒဏ်ရာရရှိသူများမှာ အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်း သိရှိရသည်။

“မနေ့ည ၁၁ နာရီ ၅၅ မိနစ်မှာ ဗုံးကျဲတာ။ လေယာဉ်နဲ့ ပတ်ပြီး ကျဲချသွားတာ။ စျေးရပ်ကွက်၊ နယ်မြေ ၁၀ အရင် ရွှေဝါးရိပ် တစ်ကြော အိမ် ၆ လုံး ပျက်စီးတယ်။ အမျိုးသမီး ၁ ဦး ပေါင်မှာ ထိမှန်ဒဏ်ရာရတယ်။ အဘွား ၁ ဦး အုတ်ပိတယ်။ ကျန်တာကတော့ နားအူတာမျိုး ထိခိုက်တာတွေရှိတယ်။ အားလုံး အသက်အန္တရာယ် မစိုးရိမ်ရပါဘူး” ဟု နောင်ချိုမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်က နောင်ချိုမြို့ကို လေကြောင်းကိုအသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူများကို ဦးတည်ပြီး ဗုံးကျဲချတိုက်ခိုက်နေပြီး နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့မှ ပြည်သူ ၁၇ ဉီး သေဆုံးပြီး ၂၆ ဉီးထိမှန်ဒဏ်ရာရရှိကာ နေအိမ်အများအပြားပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article