30 C
Yangon

ကြို့ပင်ကောက်မြို့တွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးရာ၌ အဓိကပါဝင်သော ပျူစောထီး အပတ်စဉ် ၁ သင်တန်းဆင်း ထွန်းမင်းစိုး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ကြို့ပင်ကောက်မြို့တွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးရာ၌ အဓိကပါဝင်သော ပျူစောထီး အပတ်စဉ် ၁ သင်တန်းဆင်း ထွန်းမင်းစိုး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၄

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့တွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးရာ၌ အဓိကပါဝင်သော ပျူစောထီး အပတ်စဉ် ၁ သင်တန်းဆင်း ထွန်းမင်းစိုး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း Dragon Brothers (GBK-PDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဒေါင်းလူးရွာအနီးတွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးရာ၌ အဓိကပါဝင်သော ပျူစောထီး အပတ်စဉ် ၁ သင်တန်းဆင်း ထွန်းမင်းစိုး ကို Dragon Brothers (GBK-PDF) အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ထွန်းမင်းစိုးသည် ပျူစောထီးသင်တန်း အပတ်စဉ် ၁ တွင် တက်ရောက်ထားသူ ဖြစ်ပြီး အကြမ်းဖက် စစ်တပ်နှင့်ပူးပေါင်း၍ ပြည်သူများ၏ ဆိုင်ကယ်များကို ဖမ်းဆီးခြင်းနှင့် အတင်းအဓမ္မ စစ်မှုထမ်း ခေါ်ဆောင်ရာတွင်လည်း အဓိက လုပ်ဆောင်နေသူ ဖြစ်သောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ထွန်းမင်းစိုးသည် သူတောင်းစားပုံစံ၊ အမှိုက်ကောက်သမားပုံသဏ္ဍာန် အသွင်ယူပြီး လိုက်လံ သတင်းထောက်လှန်းကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံ တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းများကို ပြန်လည် သတင်းပေးပို့နေသူလည်း ဖြစ်ကြောင်း သိရသည်။

“သိမ်းဆည်းရမိတဲ့ ပစ္စည်းတော့မရှိပါဘူး။ သူကလည်း သရုပ် အမှန်နဲ့မလာဘူးလေ ဒီတိုင်း ရုပ်ဖျက်ပြီးလာတာဆိုတော့ ကျွန်တော့်ရဲဘော်လည်း ဘာမှ သူ့ဆီက ယူမသွားနိုင်ဘူး” ဟု Dragon Brothers (GBK-PDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article