34 C
Yangon

ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာ၌ မင်္ဂလာပွဲကျင်းပနေစဉ် စစ်ကောင်စီ တပ်သားများက ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁၀ ဦးကိုဖမ်းဆီး၍ နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာ၌ မင်္ဂလာပွဲကျင်းပနေစဉ် စစ်ကောင်စီ တပ်သားများက ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁၀ ဦးကိုဖမ်းဆီး၍ နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာ၌ မင်္ဂလာဆောင်ပွဲကျင်းပနေစဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁၀ ဦးကိုဖမ်းဆီး၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်က ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာတွင် မင်္ဂလာဆောင်ပွဲ ကျင်းပနေစဉ် ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းမှ ပျူစောထီးခေါင်းဆောင် အောင်သာခိုင် ဦးဆောင်သော အင်အား ၅၀ ခန့်ရှိ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများက ဝင်ရောက်စီးနင်းပြီး မင်္ဂလာပွဲကို ဖျက် ဆီးခဲ့ကြောင်း၊ ထို့ပြင် မင်္ဂလာဆောင်ပွဲအတွင်းမှ ထွက်ပြေးနိုင်ခြင်းမရှိသည့် ပြည်သူ ၁၀ ဦးကို ဖမ်းဆီးပြီး နေအိမ် ၁၀ လုံးထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

“နှမစားရစ်ရွာက ဇီးဖြူကုန်းပျူစခန်းနဲ့ဆိုရင် ၁ မိုင်ကျောက်ပဲဝေးတယ်။ နှမစာရစ်ရွာသား အောင်သာ ခိုင်က ဇီးဖြူကုန်းစခန်းမှာနေပြီး ပျူခေါင်းဆောင်လုပ်နေတာ နှမစားရစ်ရွာကို မကြာခဏလာတယ်။ အဲဒါမင်္ဂလာဆောင်ပွဲကျင်းပနေတုန်း စစ်ခွေးတွေေ ပျူခွေးတွေခေါ်ပြီးဝင်လာတာ မင်္ဂလာဆောင်ပွဲအတွက် ချက်ပြုတ်ထားတဲ့ ထမင်းဟင်းတွေကိုလည်း ယူသွားတယ်။ ထွက်မပြေးနိုင်တဲ့ ပြည်သူ ၁၀ ဦးကို လည်းဖမ်းသွားတယ်။ နေအိမ်တွေလည်း မီးရှို့သွားတာ ၁၀ လုံးကျော်ရှိတယ်” ဟု ဒေသနေပြည် သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇီးဖြူကုန်းပျူစောထီးစခန်း၌ နေထိုင်သူ နှမစားရစ်ရွာသား ပျူစောထီးခေါင်းဆောင် အောင်သာ ခိုင် သည် ကျေးရွာနေပြည်သူများအပေါ်ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းလုပ်ဆောင်နေပြီး ယခု ဖမ်းဆီး သွားသော ပြည်သူ ၁၀ ဦးကိုလည်း ရိုက်နှက် နှိပ်စက်ကာ ပြန်လွှတ်ပေးခဲ့ကြောင်း၊ နှမစားရစ်ကျေးရွာသည် အိမ်ခြေ ၅၀၀ ခန့်ရှိပြီး ၂၀၂၂ ခုနှစ်က အကြမ်းဖက်စစ်သားများ မီးရှို့မှု ကြောင့် ရွာလုံးထွက်ပြေးတိမ်းရှောင်နေရကာ ယခုနှစ်တွင် ပြည်သူအချို့မှ ကျေးရွာအတွင်း ပြန် လည်ဝင်ရောက်နေထိုင်ကြခြင်ဖြစ်ကြောင်း သိရသည်။

Photo – ၂၀၂၂ ခုနှစ်က အကြမ်းဖက် စစ်ကောင်စီ တပ်သားများ နှမစားရစ်ကျေးရွာကို ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့စဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article