22 C
Yangon

စစ်ဖြစ်နေသည့် ရုရှားနိုင်ငံရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေးနှင့် ကုန်ထုတ် စက်ရုံ၊ အလုပ်ရုံများသို့ မြန်မာအလုပ်သမားများ စစ်ကောင်စီက စတင်စေလွှတ်မည်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ယူကရိန်းနိုင်ငံနှင့် စစ်ဖြစ်နေသည့် ရုရှားနိုင်ငံရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် စက်ရုံ၊ အလုပ်ရုံများသို့ မြန်မာအလုပ်သမားများကို စစ်ကောင်စီက စတင်စေလွှတ်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်နှင့် ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် ရုရှားရှိ ၎င်းနိုင်ငံသားများ မလုပ်လိုပ်သောစိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ကုန်ထုတ်စက်ရုံ၊ အလုပ်ရုံများသို့ မြန်မာအလုပ်သမားများ စတင် စေလွှတ်တော့မည်ဖြစ်ကြောင်း၊ လတ်တလော ရုရှားဘာသာစကားသင်တန်းများကို ဖွင့်လှစ်ပြီး မြန်မာအလုပ်သမားများကို သင်ကြားပေးလျက်ရှိကြောင်း၊ စစ်ဖြစ်နေသည့် ရုရှားနိုင်ငံသည် မြန်မာအလုပ်သမားများအတွက် စျေးကွက်အသစ်တစ်ခုဖြစ်လာကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“အလုပ်သမားဝန်ကြီးဌာနနဲ့ ရုရှားအကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ အလုပ်သမားတွေ စခေါ်ဖို့လုပ်နေတာ။ အခုတော့ ရုရှားဘာသာစကား အခြေခံသင်တန်းတွေ ဖွင့်နေပြီ။ အခု စခေါ်မှာက ဆောက်လုပ်ရေးလုပ်ငန်းတွေက စခေါ်မှာ။ ရုရှားမှာက အခြေခံ အလုပ်သမားတွေ မရှိတော့ စျေးကွက်က မြန်မာတွေ ခေါ်ယူဖို့ ကို ရုရှားတွေဘက်က စကမ်းလှမ်းတယ်လို့ သိရပါတယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရုရှားနိုင်ငံသို့ သွားရောက်မည့် မြန်မာအလုပ်သမားများအနေဖြင့် Zero Cost ကုန်ကျစရိတ် မရှိဘဲ သွားရောက်နိုင်မည်ဖြစ်ပြီး ရုရှားမှ အလုပ်ရှင်များက အကုန်အကျခံ၍ မြန်မာအလုပ်သမားများကို ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက မြန်မာအလုပ်သမားများကို မကြာသေးခင်က ကုန်းတွင်းပိတ် လာအိုနိုင်ငံသို့ အရေအတွက် ထောင်နှင့်ချီ ပို့ဆောင် စေလွှတ်နေပြီဖြစ်ပြီး ယခုအခါ စစ်ဖြစ်နေသည့် ရုရှားနိုင်ငံသို့ပါ အလုပ်သမားများ စေလွှတ်ရန် လုပ်ဆောင်လာခြင်းဖြစ်သည် ။

ရုရှားနိုင်ငံသည် ယူကရိန်းနှင့်စစ်ဖြစ်ပွားနေပြီး ရုရှားနိုင်ငံသားများမှာ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် စစ်မှုထမ်းနေရကြောင်း၊ ယူကရိန်စစ်မြေပြင်တွင်လည်း ရုရှားစစ်သားများ သေဆုံးမှု များပြားနေကြောင်း၊ ရုရှားနိုင်ငံသား လူငယ်အများစုမှာလည်း စစ်မှုမထမ်းလိုသည့် အတွက် ထိုင်းနိုင်ငံ အပါအဝင် အာရှနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်မှုများစွာရှိနေကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရသည်။

ဓာတ်ပုံ – လွန်ခဲ့သော လအတွင်းတောင်ကိုရီးယားရှိ အခြေခံစိုက်ပျိုးရေးနှင့် စက်ရုံအလုပ်ရုံများသို့ သွားရောက် အလုပ်လုပ်ကြသည့် မြန်မာ အလုပ်သမားများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article