34 C
Yangon

ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာတွင် စစ်တပ် လမ်းပြအဖြစ် လုပ်ဆောင်နေသော ပျူစောထီး ကျော်လွင်ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာတွင် အကြမ်းဖက် စစ်တပ် လမ်းပြအဖြစ် လုပ်ဆောင်နေသော ပျူစောထီးအဖွဲ့ဝင် ကျော်လွင်ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း BTZM GBK PDF ပဲခူးရိုးမ အခြေပြုတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် လမ်းပြအဖြစ် လုပ်ဆောင်နေသော ပျူစောထီးအဖွဲ့ဝင် ကျော်လွင်ဦးကို BTZM GBK PDF ပဲခူးရိုးမ အခြေပြုတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီးအဖွဲ့ဝင် ကျော်လွင်ဦးသည် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ဘော်ဘင်ရွာတွင် နေထိုင်ပြီး စစ်ကောင်စီ တပ်သားများနှင့်ပူးပေါင်း၍ ပြည်သူများကို PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးခိုင်းခြင်း၊ ငွေညှစ် တောင်းခံခြင်း နှင့် စစ်တပ်အတွက် လမ်းပြအဖြစ် ကိုယ်တိုင် ပါဝင်လိုက်ပါနေသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အဲရွာက နာမည်ကြီးပဲ ပျူစောထီးတွေ တော်တော်များတယ်။ အိမ် အလုံး ၅၀ ရှိရင် ၄၅ လုံးလောက်က စစ်ခွေး ဘက် တော်သားတွေ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ ပစ်ခတ် တိုက်ခိုက်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု BTZM GBK PDF ပဲခူးရိုးမ အခြေပြုတပ်ဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ် အပါအဝင် မြို့နယ်များတွင် စစ်တပ် ဒေါက်တိုင် အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများအနေဖြင့် ပြည်သူလူထုကို ဖိနှိပ်ခြင်းမပြုရန်၊ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းမှုများ မလုပ်ရန်၊ စစ်တပ်အတွက် သတင်းပေး မလုပ်ရန် တရားဝင် သတိပေးထားပြီး မလိုက်နာသူများကို အရေးယူမည်ဖြစ်​ကြောင်း တော်လှန်ရေးတပ်များက တရားဝင် သတိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article