24 C
Yangon

ဟင်္သာတထောင်တွင် အကျဉ်းဦးစီးအရာရှိ အောင်ကျော်မြင့်က နိုင်ငံရေးအကျဉ်းသားကိုရှိုင်းထက်ဇော်ကို လူမဆန်စွာ ရိုက်နှက်ညှဉ်ပန်းနှိပ်စက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ဧရာဝတီတိုင်း၊ ဟင်္သာတအကျဉ်းထောင်တွင် အကျဉ်းဦးစီးဌာနမှ တစ်ပွင့် အရာရှိ အောင်ကျော်မြင့်က အရက်မူးပြီး နိုင်ငံရေးအကျဉ်းသား ကိုရှိုင်းထက်ဇော်ကို လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် နိုင်ငံရေးအကျဉ်းသားများ၏ အခန်းအဆောင်များအတွင်း ပိတ်ထားချိန်တွင် ထောင်ဝန်ထမ်းအရာရှိ အောင်ကျော်မြင့်က နိုင်ငံရေးအကျဉ်းသား ကိုရှိုင်းထက်ဇော်၏ နာမည်ကို ခေါ်ကာ ဘာယာတန်းမှ (အခန်းအပြင်သို့ လက်သာထုတ်၍ရစေရန် ပြုလုပ်ထားသည့် တိုင်အတန်းများ) အပြင်ဘက်ကို လက်ထုတ်ခိုင်းပြီးနောက် အကြောင်းပြချက်မရှိဘဲ လူမဆန်စွာ ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“နိုင်ငံရေးအကျဉ်းသား ကိုရှိုင်းထက်ဇော်ကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ ရိုက်နှက်ခဲ့တာပါ။ ရိုက်ခံရတာ လက်တွေ အားလုံး ရောင်ကိုင်းနေပြီး ရုံးထုတ်တဲ့အခါ လက်ထိပ်တောင်မှ လက်ကို ခတ်ဖို့အတွက် မဆံ့အောင် ဖြစ်တယ်။ လက်ကို ရိုက်လို့ မခံနိုင်တော့လို့ လက်ကို ပြန်ရုပ်ချိန်မှာလည်း ဘာလို့ ရုပ်တာလဲဆိုပြီး လည်ပင်းပါ ညှစ်ဖို့အထိပါ လုပ်တာရှိခဲ့တယ်။ ထောင်အာဏာပိုင်တွေ ကိုယ်တိုင် လူ့အခွင့်အရေးချိုးဖောက်တော့ သူ့လက် အောက်ငယ်သားတွေက ပိုပြီးတော့တောင် ချိုးဖောက်လာကြတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသား ကိုရှိုင်းထက်ဇော်က ထောင်ဝန်ထမ်းများထံတွင် ပိုက်ဆံအပ်နှံခဲ့ဖူးပြီး နောက်ပိုင်းတွင် ပိုက်ဆံမအပ်သည့်အပေါ်တွင် အငြိုးထားကာ ရိုက်နှက်ခြင်းဖြစ်သည်ဟု သိရှိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ကိုသိုက်ထွန်းဦးက ပြောသည်။

ထိုသို ဥပဒေမဲ့စွာပြုလုပ်နေသော ထောင်ဝန်ထမ်း အရာရှိ အောင်ကျော်မြင့်ကို ‌‌‌‌‌‌‌‌‌‌‌သက်ဆိုင်ရာ ထောင်အာဏာပိုင်များက တားဆီးခြင်း၊အရေးယူခြင်း မရှိသည့်အပြင် ထောင်ပိုင် သန်းဇော်ထွေးမှာလည်း ထောင်အရာရှိ ​ောင်ကျော်မြင့်နှင့် အရက်သောက်ဖော်သောက်ဖက်များဖြစ်ကြောင်း၊ ထောင်ပိုင်ကိုယ်တိုင်က နိုင်ငံရေးအကျဉ်းသားများကို ညှဉ်းပန်းနှိပ်စက်ရန် အမိန့်ပေး စေခိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

“ယခုလိုမျိုး လုပ်ဆောင်ချက်တွေဟာ ထောင်အာဏာပိုင်တွေက ဦးဆောင်ပြီး လုပ်နေတာဖြစ်တဲ့အတွက် ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ အသက်အာမခံချက်လုံးဝမရှိတော့တဲ့အတွက် အခြေခံအကျဆုံးအခွင့်အရေးဖြစ်တဲ့ လူတိုင်း အသက်ရှင်သန်နိုင်ခွင့်ဆိုတဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ ကျွန်တော်တို့အဖွဲ့အနေနဲ့ ပြောချင်ပါတယ်။ အကျဉ်းဦးစီးဌာနကိုလည်း အကျဉ်းဦးစီးဌာနကိုလည်း စောင့်ကြည့်ဖို့ မေ့မထားဖို့ ပြောချင်ပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဟင်္သာတထောင်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြည်လူများသိရှိရန်မှာ အခြားထောင်များထက် ပိုခက်ခဲသည်ကို အခွင့်ကောင်းယူကာ အခုကဲ့မျိုး ညှဉ်းပန်းနှိပ်စက်မှုမျိုးလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသား ကိုရှိုင်းထက်ဇော် ဖြစ်စဉ် မတိုင်ခင် နိုင်ငံရေးအကျဉ်းသားများကို များစွာကို ဖိနှိပ်ခဲ့ကြကြောင်း၊ ထို့ကြောင့် ထိရောက်သည့် လူမှုပြစ်ဒဏ် အပြစ်ပေးအရေးယူမှုများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများအနေနှင့် သတိပေးစာ ပေးပို့ခြင်း၊ ပြည်သူများ ဟင်္သာတထောင်ကို ပိုပြီး စောင့်ကြည့်ကာ အကျဉ်းထောင် ဝန်ထမ်းများကို လူမှုရေး ပြစ်ဒဏ်ပေးခြင်း၊ သပိတ်မှောက်ခြင်း လုပ်ဆောင်သင့်ကြောင်း ကိုသိုက်ထွန်းဦးက တိုက်တွန်းပြောဆိုသည်။

ဓာတ်ပုံ – အကျဉ်းထောင်တွင် အကျဉ်းဦးစီးဝန်ထမ်းက အစားအသောက် ဝေငှနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article