33 C
Yangon

အမ်း-ပဒါန်း လမ်းပိုင်းတွင် တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော ဗိုလ်မှူး ဇော်ထက်နောင် ဦးစီးသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ၁၄ ဦး အရှင်မိ၊ လက်နက် ၂ လက် သိမ်းဆည်းရရှိ

Must read

အမ်း-ပဒါန်း လမ်းပိုင်းတွင် တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော ဗိုလ်မှူး ဇော်ထက်နောင် ဦးစီးသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ၁၄ ဦး အရှင်မိ၊ လက်နက် ၂ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၈

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းတွင် တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော ဗိုလ်မှူး ဇော်ထက်နောင် ဦးစီးသည့် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁၄ ဦး အရှင်မိကာ လက်နက် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Student Armed Force – ကျောင်းသားလက်ရုံးတပ်တော် မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အနောက်ပိုင်းစစ်ဌာနချုပ် (အမ်း) ကွပ်ကဲမှု လက်အောက်ရှိ တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော ဗိုလ်မှူး ဇော်ထက်နောင် ဦးစီးသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကျောင်းသားလက်ရုံးတပ်တော်နှင့် မဟာမိတ် ပူးပေါင်းစစ်ကြောင်းက အမ်း-ပဒါန်း လမ်းပိုင်း တစ်နေရာတွင် စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်နက်ငယ် ၂ လက် နှင့် ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီး ရမိသော စစ်သုံ့ပန်းများကို လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး စစ်သုံ့ပန်း မူဝါဒနှင့်အညီ ထိန်းသိမ်း စောင့်ရှောက်လျက်ရှိကြောင်း၊ ထို့ပြင် စစ်ကြောင်းသည် တိုက်ပွဲအတွင်း တပ်ပျက်၍ တကွဲတပြား ထွက်ပြေး​လျက်ရှိပြီး တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့် အတူ အရှိုချင်းကာကွယ်​ရေးတပ်ဖွဲ့ (ACDF) ၊ မင်းဘူးခရိုင် အမှတ် (၂) တပ်ရင်း တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ကျောင်းသားလက်ရုံးတပ်တော်သည် “ဖိနှိပ်ခံလူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်ဆီသို့” ဦးလည် မသုန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article