34 C
Yangon

မင်းတုန်းမြို့နယ် တိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီးနောက် ယနေ့ နံနက်ပိုင်းမှ စ၍ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲနေပြီး စစ်ရှောင် ပြည်သူများ အရေးပေါ် အကူအညီများ လိုအပ်နေ

Must read

မင်းတုန်းမြို့နယ် တိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီးနောက် ယနေ့ နံနက်ပိုင်းမှ စ၍ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲနေပြီး စစ်ရှောင် ပြည်သူများ အရေးပေါ် အကူအညီများ လိုအပ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၈

မကွေးတိုင်း၊ မင်းတုန်းမြို့နယ် တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီးနောက် ယနေ့ နံနက်ပိုင်းမှ စ၍ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲနေပြီး စစ်ရှောင် ပြည်သူများ အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သရက်ခရိုင် အမှတ်-၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီ ကျော်ခန့်မှ စတင်၍ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့သည့် ကျေးရွာများနှင့် အနီးပတ်ဝန်းကျင်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိသော်လည်း ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က မြေပြင်မှလည်း စစ်ကြောင်းထိုးရာ တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်ကို နယ်မြေရှင်းလင်းရေးများ ဆက်တိုက် လုပ်နေဆောင်နေကြောင်း သိရှိရသည်။

လက်ရှိချိန်ထိ ကျေးရွာ ၄ ရွာကျော်မှ ပြည်သူများသည့် တောတောင်များအတွင်း ဆက်လက် တိမ်းရှောင်နေရပြီး အနွေးစောင်များနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပွားတဲ့ နေရာ အနီးတဝိုက်ကို စစ်ခွေးတွေက ဒီနေ့ နံနက်ပိုင်း လေယာဉ်နဲ့ဆက်တိုက်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့တယ်။ ပြည်သူတွေ တော်လှန်ရေး ရဲဘော်တွေ ထိခိုက်တာတော့မရှိဘူး။ မြေပြင်ထိတွေ့မှုတော့မရှိပါဘူး။ မြေပြင်မှာ ခွေးစစ်ကြောင်းက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာတွေရှိတယ်။ မင်တုန်းမြို့ အနီးက ၅ မိုင်ဂိတ်က စစ်ခွေးတွေ အင်အားစုဖွဲ့ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာလို့ သိထားရတယ်။ ပြည်သူတွေကတော့ ဆက်လက် စစ်ရှောင်နေရတုန်းပဲ စားနပ်ရိက္ခာတွေတော့ လိုအပ်ချက်ရှိနေပါတယ်” ဟု သရက်ခရိုင် အမှတ်-၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကြိုးဝကျေးရွာအနီးတဝိုက်၌ စခန်းချ နေရာယူထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အမှတ်-၁ စစ်ဒေသ ၊ မကွေးတိုင်း၊ သရက်ခရိုင်အမှတ်-၄ တပ်ရင်း တပ်ခွဲ(၁) နှင့် တပ်ခွဲ (၃) မှ လက်ဦးမှုရယူပြီး အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး မိနစ် ၄၀ ခန့်ဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀ ဦးခန့်သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၉ လက် နှင့် ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article