Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၃၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ နိုဝင်ဘာ ၃၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကို ICC ခုံရုံးကနေ ဖမ်း၀ရမ်းထုတ်လာရင် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ အခြေအနေတွေနဲ့ တုံ့ပြန်သင့်တဲ့ နည်းလမ်းတွေ ၊ ဥပဒေဆိုင်ရာ သုံးသပ်ချက် စာတမ်းတွေကို အမြန်ဆုံး တင်ပြကြဖို့ မင်းအောင်လှိုင်ကိုယ်တိုင် ညွှန်ကြားထားပြန် တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-နေပြည်တော် ပုပ္ပသီရိမြို့နယ်မှာ နာမည်ကျော် မဘသ၊ သွေးသောက်အဖွဲ့ဝင် ၊ အစွန်းရောက် အမျိုးသားဝါဒီ၊ စစ်တပ်လော်ဘီ ပျူစောထီး မင်းမင်း နဲ့ သက်တော်စောင့်တွေကို တော်လှန်ရေး တပ်တွေက ပစ်ခတ်ရှင်းလင်းရာမှာ နေရာမှာတင် ပွဲချင်းပြီးတွေကို သေကုန်ကြပြီလို့ နတ်မောက်မြို့နယ်အခြေစိုက် ကြိုးကြာနီတပ်ရင်း ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ကရင်နီပြည်နယ်မှာ ၁ နှစ်အတွင်း ကိုယ်ပိုင်ရေးတရားရေးစနစ်၊ ဥပဒေရုံးတွေနဲ့ အကျဉ်းထောင် ၂ ခု တည်ထောင်နိုင်ခဲ့ပြီး ရာဇဝတ်မှုပေါင်း ၇၁ မှုကို လက်ခံဆောင်ရွက်ပေးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။