28 C
Yangon

ရန်ကုန်လေဆိပ်တွင် တာဝန်ကျရေး သိန်းရာချီ လာဘ်ထိုးနေရပြီး လေဆိပ်တာဝန်ကျ လ၀က၊ ရဲနှင့်ဌာနပေါင်းစုံမှ အောက်ခြေဝန်ထမ်းအဆင့်ပင် အလွန်ချမ်းသာကြွယ်၀လာ

Must read

ရန်ကုန်လေဆိပ်တွင် တာဝန်ကျရေး သိန်းရာချီ လာဘ်ထိုးနေရပြီး လေဆိပ်တာဝန်ကျ လ၀က၊ ရဲနှင့်ဌာနပေါင်းစုံမှ အောက်ခြေဝန်ထမ်းအဆင့်ပင် အလွန်ချမ်းသာကြွယ်၀လာ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

စစ်ကောင်စီက ပြည်ပသို့ လူငယ်များ ထွက်ခွာမှုများကို စိစစ်တားဆီးရန် အမိန့် ထုတ်ပြန်လိုက်ပြီးနောက် ရန်ကုန်လေဆိပ်တွင် VIP Service ဟူသည့် ပြည်ပသို့ လွယ်ကူစွာ ထွက်ခွာနိုင်ရေး ချိတ်ဆက်ဆောင်ရွက်သည့် လာဘ်ပေးလာဘ်ယူမှုများ ကြီးထွားလာနေကာ လေဆိပ်တာဝန်ကျ လူဝင်မှု ကြီးကြပ်ရေး၊ ရဲနှင့် ဌာနပေါင်းစုမှ ဝန်ထမ်းများလည်း အလွန်ကြွယ်၀ ချမ်းသာလာကြကြောင်း လေဆိပ်တာဝန်ကျ လ၀ကအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ဩဂုတ်လမှစတင်၍ ပြည်ပသို့ လူငယ်များနှင့် အမျိုးသမီးများ ထွက်ခွာမှုများကို အထူးတင်းကျပ် စိစစ်လာချိန်မှစတင်၍ ရန်ကုန်လေဆိပ်တွင် အလွန်ငွေရပေါက် ရလမ်း ကြမ်းသည့် VIP Service ပေါ်ပေါက်လာကြောင်း၊ အဆိုပါ VIP Service သည် စတင်ချိန်က လူတစ်ဦးလျှင် အလွယ်တကူ ပြည်ပထွက်ခွင့်အတွက် ငွေကျပ် ၁၀ သိန်းဝန်းကျင်သာ တောင်းယူခဲ့ကြသော်လည်း ယခုအခါတွင် ပြည်ပထွက်ခွင့်များကို အထူး တင်းကျပ်လာချိန်တွင် လူတစ်ဦး ပြည်ပထွက်ခွင့် VIP Service မှာ ငွေကျပ် ၇၅ သိန်းအထိ စျေးပေါက်လာကြောင်း၊ လ၀က၊ ရဲနှင့် လေဆိပ်တာဝန်ကျ ဌာနပေါင်းစုံက အဆိုပါ တရားမဝင် လမ်းကြောင်းမှ ရရှိသော ဝင်ငွေများကြောင့် အလွန်ချမ်းသာလာကြကြောင်း သိရှိရသည်။

“လေဆိပ်တာဝန်ကျ လ၀က အောက်ခြေအဆင့်တောင် ရက်ပိုင်း၊ လပိုင်းအတွင်း သိန်း ထောင်ကျော်တန် Suzuki Ciaz ကားနဲ့ လေဆိပ်ကို လာတာ။ ရဲတွေဆိုရင်လည်း အဲဒီလိုပါပဲ။ လေဆိပ်တာဝန်ကျ သာမန်ရဲတပ်သားတောင် Toyota Belta ကားစီးနိုင်တယ်။ အဲဒီနေရာကို တာဝန်ကျဖို့လည်း မနည်းလာဘ်ထိုးရတယ်” ဟု လ၀က အသိုင်းအ၀ိုင်းက ဆိုသည်။

ရန်ကုန်လေဆိပ်တွင် တာဝန်ကျရန်အတွက် သက်ဆိုင်ရာ ဌာနအကြီးအကဲများကို အနည်းဆုံး သိန်း ၁၀၀ မှစတင်၍ လာဘ်ထိုးရပြီး သုံးစွဲလိုက်ရသော လာဘ်ငွေမှာလည်း ရက်ပိုင်းအတွင်းတွင် လေဆိပ်မှ ပြန်လည် ရှာဖွေနိုင်ကြောင်း၊ လေဆိပ်တွင် တာဝန်ကျရေးအတွက် သူ့ထက်ငါ အလုအယက် လာဘ်ထိုးနေကြကြောင်း သိရှိရသည်။

လတ်တလော ရန်ကုန်လေဆိပ်တွင် တာဝန်ကျသူများအများစုမှာ စစ်တပ်နှင့်ဆက်နွယ်နေသော အသိုင်းအ၀ိုင်းမှ အများစုဖြစ်ပြီး လာဘ်ငွေပေး၍ တာဝန်ကျလာသူများလည်း ရှိကြောင်း စုံစမ်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article