33 C
Yangon

မြန်မာရေပိုင်နက်သို့ ဝင်လာသော ထိုင်းငါးဖမ်းလှေ ၄ စီးကို စစ်ကောင်စီတပ်က ပစ်ခတ်မှု ထိုင်းနိုင်ငံသား ၂ ဦး သေဆုံးပြီး စက်လှေ ၂ စီးဖမ်းဆီးခံထားရ

Must read

မြန်မာရေပိုင်နက်သို့ ဝင်လာသော ထိုင်းငါးဖမ်းလှေ ၄ စီးကို စစ်ကောင်စီတပ်က ပစ်ခတ်မှု ထိုင်းနိုင်ငံသား ၂ ဦး သေဆုံးပြီး စက်လှေ ၂ စီးဖမ်းဆီးခံထားရ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဇာဒက်ကြီးကျွန်းအောက်ဖက်၊ သံကျွန်းအနီးတွင် မြန်မာ ရေပိုင်နက်အတွင်း ဝင်ရောက်လာ သော ထိုင်းနိုင်ငံသားပိုင် ငါးဖမ်းစက်လှေ ၄ စီးကို မြန်မာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်ဖမ်းဆီးရာ ထိုင်းနိုင်ငံသား ၂ ဦးသေဆုံးပြီး စက်လှေ ၂ စီး ဖမ်းဆီးခံထားရကြောင်း ဒေသသတင်းရင်းမြစ်များက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၁၂ နာရီ သန်းခေါင်ယံအချိန် ကော့သောင်းခရိုင်၊ ဇာဒက်ကြီး အောက်၊ သံကျွန်းနားသို့ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယာ ရေလုပ်သားများလိုက်ပါလာသည့် ထိုင်းငါး ဖက်စက်လှေ ၄ စီးကို မြန်မာရေပိုင်နက်အတွင်း ကျူးကျော်ဝင် ရောက်သည်ဟုဆိုကာ မြန်မာ အ ကြမ်းဖက်စစ်တပ်က အတွဲလိုက်ပစ်ခတ်ဖမ်းဆီးသဖြင့် ထိုင်းနိုင်ငံ သား ၂ ဦး သေဆုံးကာ ထိခိုက် ဒဏ်ရာရှိသူများလည်းရှိကြောင်း၊ ထို့အပြင် စက်လှေ ၂ စီးကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။

“ညက ၁၂ နာရီလောက်ဖြစ်တာ၊ ဇာဒက်ကြီးကျွန်းအောက်နားက သံကျွန်းနားမှာ ပစ်ခံထိတာ၊ လှေကတော့ ထိုင်းလှေတွေ၊ မြန်မာရေပိုက်နက်ထဲကို ဝင်လာတဲ့အချိန်မှာ မြန်မာစစ်တပ်က နေ ပစ်လိုက်တာ၊လှေတွေက ထိုင်းနိုင်ငံ၊ နမ်ရုံတို့၊ နန်မခမ်းတို့ဘက်လှေတွေလို့ ပြောတယ်။ အဲဒီဘက် ကလှေတွေက ဗမာပိုင်နက်ထဲမှာလာပြီးတော့ ငါးခိုးဖမ်းတာပေါ့။ ဖမ်းနေတဲ့အချိန်မှာ ဗမာစစ် သင်္ဘော ကနေလိုက်ပစ်တာ၊ ၂ စီးကတော့ လွတ်သွားတယ်၊ ၂ စီးကတော့ ဖမ်းခံသွားတာ၊ အပစ်ခံ ထိတဲ့ နေရာမှာလည်း ထိုင်းနိုင်ငံသား ၂ ယောက်သေတယ်၊ မြန်မာအလုပ်သမားတွေ ရေထဲခုန်ချ ထွက်ပြေးကြတာ၊ သေလား၊ ရှင်လား မသိရသေးဘူး။” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖမ်းဆီးခံထားရသော ငါးဖမ်းစက်လှေ ၂ စီးကို ကော့သောင်းမြို့ဘက်သို့ ဆွဲယူသွားပြီဖြစ်ပြီး စက်လှေ ပေါ်ပါ ငါးဖမ်းအလုပ်သမား မည်မျှဖမ်းဆီးခံရသည်၊ မည်မျှ ထိခိုက်ဒဏ်ရာရရှိသည်ကို သိရှိရခြင်းမရှိ သေးကြောင်း၊ ထွက်ပြေးလွတ်မြောက်သွားသော စက်လှေ ၂ စီးသည်လည်း ထိုင်းနိုင်ငံ၊ နမ်ယွန် ဘက်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article