28 C
Yangon

ချောင်းဦးမြို့နယ်၊ ငါန်းယှန်ကျေးရွာအနီး စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး ခြေပြတ်လက်ပြတ်ဖြစ်

Must read

ချောင်းဦးမြို့နယ်၊ ငါန်းယှန်ကျေးရွာအနီး စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး ခြေပြတ်လက်ပြတ်ဖြစ်

ရန်ကုန်၊ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါန်းယှန်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ်ခြေလျင်စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ခြေပြတ်လက်ပြတ်ဖြစ်သွားကြောင်း မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် ချောင်းဦးမြို့မရဲစခန်းမှ အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၃၀ ခန့်က မုံရွာ -မန္တလေးလမ်းမပေါ် ငါန်းယှန်ကျေးရွာအနီး ဆီဆိုင်အနီး ဂိတ်ဖွင့်ကာ ခရီးသွားပြည်သူကားများကို ဆက်ကြေးကောက်ရန် ထွက်လာစဉ် ရှေ့ထွက်မိုင်း ၄ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၃ ဦး မှာ ခြေပြတ်လက်ပြတ်ဖြစ်သွားကြောင်း သိရှိရသည်။

“၄ ယောက်ထိခိုက်ပြီးတော့ ၃ ယောက်က ခြေထောက်ပြတ်၊ လက်တွေပြတ်ဖြတ်သွားတယ်၊ ဘယ်သူတွေက ဘယ်နေရာဘာပြတ်လဲ‌တော့ မသိရဘူး။ တစ်ယောက်ကတော့ အဲလို ပြတ်တာ မရှိဘူး။ ထိခိုက်မှုကတော့ရှိတယ်၊ သေတာမျိုးတော့ မရှိဘူး။ သူတို့ဘက်က ပြန်ပစ်တာနဲ့ ပြန်ပစ် ရင်း အပြန် အလှန် ပစ်တာ နာရီဝက်လောက်ကြာသွားတာ။ ၆၀ မမတွေပစ်တယ်၊ စက်လက်နဲ့ဆွဲတာ ရှိတယ်၊ ကျနော်တို့ဘက်ကရဲဘော်တွေတော့အထိအခိုက်မရှိပါဘူး” ဟု မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့် ကြာဖြစ်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၁၂ ၊ တပ်ခွဲ ၃ – လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင်အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ- ၄ ၊ မုံခရိုင် အမှတ်-၁၅ တပ်ရင်း နှင့် ရှန်းရှန်းတောက် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article