28 C
Yangon

ကြို့ပင်ကောက်တွင် လျှပ်စစ်မီတာ ၁ ယူနစ် ငွေကျပ် ၃၀၀ နှုန်း ခြိမ်းခြောက်ကောက်ခံနေသော ဆင်ပိုက်အနောက်စုရွာ ပျူစောထီး တပ်စိတ်မှူး ကိုကိုဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ကြို့ပင်ကောက်တွင် လျှပ်စစ်မီတာ ၁ ယူနစ် ငွေကျပ် ၃၀၀ နှုန်း ခြိမ်းခြောက်ကောက်ခံနေသော ဆင်ပိုက်အနောက်စုရွာ ပျူစောထီး တပ်စိတ်မှူး ကိုကိုဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် မီတာ ၁ ယူနစ် ငွေကျပ် ၃၀၀ နှုန်း ခြိမ်းခြောက် ကောက်ခံနေသော ဆင်ပိုက်အနောက်စုရွာ ပျူစောထီး တပ်စိတ်မှူး ကိုကိုဦး ကို ပစ်ခတ်ခံရကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း BTZM GBK-PDF တာဝန်ခံ ရဲဘော်တေဇမင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ဆင်ပိုက်အနောက်စုရွာ လမ်းကော်မတီ ဥက္ကဋ္ဌ ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် ပျူစောထီး တပ်စိတ်မှူးဖြစ်သူ ကိုကိုဦးကို BTZM GBK PDF ပဲခူးရိုးမအခြေပြုအဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွား‌သော ပျူစောထီး တပ်စိတ်မှူး ကိုကိုဦး သည် စစ်တပ်အားကိုးဖြင့် ပြည်သူများကို နည်းမျိုးစုံ ဖိနှပ်နေသူဖြစ်ပြီး လျှပ်စစ်မီတာ ၁ ယူနစ်လျှှု် ငွေကျပ် ၃၀၀ နှုန်းဖြင့် ပြည်သူများထံမှ ကောက်ခံနေသူ တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

“ရင်ဘတ်ကို ၄ ချက် ပစ်လိုက်တာ ပွဲချင်းပြီး သေဆုံးသွားပါတယ်။ လမ်းမီးကော်မတီ ဥက္ကဋ္ဌ အုပ်ချုပ်ရေးအဖွဲ့ဝင် ပျူစေားထီးတပ်စိပ်မှူး ဖြစ်သူ ကိုကိုဦး က လမ်းမီး တစ်ယူနစ်ကို ၃၀၀ ကောက်ခံတယ်။ ပျူ ၇ ယောက်ကိုလည်း သူက ခေါင်းဆောင်ထားတယ်လို့သိရပါတယ်။ လက်ပစ်ဗုံးတွေက အစသူက စစ်တပ်ဆီကယူပြီး သူတပည့်တွေကို ပေးကိုင်ထားတယ်လို့သိရပါတယ်။ နယ်မြေစစ်တပ်က အကြီးဆုံး ဗိုလ်မှူးရဲ့ အမိန်နဲ့လည်း လုပ်နေတာ ရပ်ရွာအပေါ်ကို သူ့အမည်မဖော်ဘဲ ကြိုးကိုင်နေသူတစ်ဦးဖြစ်ပါတယ်။ ပျူစောထီးအဖွဲ့မှာ ၇ ယောက်ကို သူကခေါင်းဆောင်ပါတယ်။ အုပ်ချုပ်ရေးပိုင်းမှာလည်း အဖွဲ့ဝင်လို့သိရတယ်။ မီးကော်မတီမှာလည်း ဥက္ကဋ္ဌ အဖြစ်တာဝန်ရှိထားတယ်” ဟု BTZM GBK-PDF တာဝန်ခံ ရဲဘော်တေဇမင်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article