28 C
Yangon

ရေးမြို့နယ်၊အမှတ် ၈ လမ်းတွင် ခမရ ၃၄၃ တပ်မှ စစ်ကားကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃

မွန်ပြည်နယ် ရေးမြို့နယ် စုံနံ့သာကျေးရွာကို ဖြတ်သန်းမောင်းနှင်လာသည့် ခမရ ၃၄၃ တပ်မှ အကြမ်းဖက်စစ်သားများ လိုက်ပါစီးနင်းလာသည့် ကားကို အမှတ် ၈ လမ်းပေါ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီ ၁၄ မိနစ်အချိန် ရေးမြို့နယ်၊ စုံနံ့သာကျေးရွာကို ဖြတ်သန်းသွားသည့် အကြမ်းဖက်စစ်တပ်၏ ၃၄၃ တပ်မှ တပ်သားများ စီးနင်းလာသည့် ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများဘက်ကလည်း ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရေးဘီလူးတပ်ဖွဲ့မှ တပ်သား ၁ ဦး ခြေထောက်တွင်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ မနက်၃၄၃ တပ်သားတွေ အစည်းအဝေးသွားတဲ့အချိန် ကြားဖြတ်တိုက်ခိုက်ခဲ့တာ စုံနံ့သာလမ်းမကြီးပေါ်မှာ ၃ ဦး သေတယ်။ သူတို့ဘက်က ပြန်လည်ပစ်ခတ်တာ ရှိတယ်” ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အမှတ် ၈ လမ်းမကြီးပေါ်တွင် တိုက်ပွဲဖြစ်ပွားနောက် အကြမ်းဖက်စစ်တပ်၏ ၅၈၆ ၊ ၃၄၃ ၊ ၅၈၇ တပ်ရင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article