28 C
Yangon

ရန်ကုန်မြို့ လှိုင်သာယာနှင့် ရွှေပြည်သာတွင် စစ်တပ်နှင့်ပူးပေါင်းကာ အလုပ်သမားများအပေါ် ဖိနှိပ်နေသော တရုတ်နိုင်ငံသားပိုင် စက်ရုံ ၂ ရုံကို ဗုံးခွဲ သတိပေး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

ရန်ကုန်မြို့ လှိုင်သာယာနှင့် ရွှေပြည်သာတွင် စစ်တပ်နှင့်ပူးပေါင်းကာ အလုပ်သမားများအပေါ် ဖိနှိပ်နေသော တရုတ်နိုင်ငံသားပိုင် စက်ရုံ ၂ ရုံကို ဗုံးဖြင့် ဖောက်ခွဲသတိပေးခဲ့ကြောင်း The Grand Unsung (TGU) အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ ည ၇ နာရီအချိန် လှိုင်သာယာမြို့နယ်ရှိ တရုတ်ပိုင် Thun Than Win ဖိနပ်စက်ရုံနှင့် ရွှေပြည်သာမြို့နယ်၊သာဓုကံစက်မှုဇုံရှိ တရုတ်ပိုင် ပေါင်ချိန်စက်ရုံတို့သည် အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းကာ အလုပ်သမားများကို ဖိနှိပ်နေ၍ သတိပေးသည့်အနေဖြင့် လူထိခိုက်မှုနည်းသည့် ဗုံးဖြင့် သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စက်ရုံများသည် အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်ဖိနှပ်ခြင်း၊ စစ်တပ်နှင့်ပူးပေါင်း၍ လူအခွင့်အရေးများချိုးဖောက်နေခြင်း၊ အာဏာသိမ်းစစ်ကောင်စီအား ထောက်ပံ့နေခြင်း တို့ကို ရပ်တန်းကရပ်ရန် သတိပေးရန်အတွက် သတိပေး ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း The Grand Unsung (TGU) အဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

အကြမ်းဖက် စစ်တပ်နှင့်ပူးပေါင်းပြီးအလုပ်သမားထုကို ဖိနှိပ်မှု ထပ်မံကျူးလွန်ပါက ယခုကဲ့သို့ သတိပေးနေမည်မဟုတ်ဘဲ မည်သူကိုမဆို ပစ်မှတ်ထားပြီး ပြင်းအားမြင့်မိုင်းများဖြင့် ထိရောက်စွာ တိုက်ခိုက်မည်ဖြစ်ကြောင်း ၊ ထို့ပြင် တရုတ်အစိုးရအနေဖြင့် မြန်မာ့တော်လှန်ရေးအင်အားစုများကို ထပ်မံဖိနှိပ် ခြိမ်းခြောက်ပါက စစ်တပ်နှင့်ပူးပေါင်းနေသော တရုတ်လုပ်ငန်းစုများကို မှတ်သားထားပြီး လိုအပ်သလိုအရေး ယူသွားမည်ဖြစ်ကြောင်း The Grand Unsung (TGU) ၏ တာဝန်ရှိသူ၏ အဆိုအရ သိရှိရသည်။

ဓာတ်ပုံ – ၂၀၂၃ ခုနှစ်၊ မေလ၊ အညာဒေသတွင် တရုတ်အလံကို မီးရှို့၍ တရုတ်နိုင်ငံ၏ မြန်မာ့အရေး စွက်ဖက်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၃ ခုနှစ်၊ မေလ၊ အညာဒေသတွင် တရုတ်အလံကို မီးရှို့၍ တရုတ်နိုင်ငံ၏ မြန်မာ့အရေး စွက်ဖက်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့စဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article