ဒီကနေ့ ဒီဇင်ဘာ ၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံဟာ အပြောင်းအလဲ လမ်းဆုံလမ်းခွရောက်နေတဲ့အတွက် နွေဦးတော်လှန်ရေးကို ပြတ်ပြတ်သားသားနဲ့ ခွန်ပြည့်အားပြည့်လုပ်မှသာ တိုင်းပြည်နဲ့ လူထုကို စစ်အာဏာရှင်စနစ်ဆိုးကနေ ကယ်ထုတ်နိုင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုလိုက်ပါတယ်။
- ရခိုင်ပြည်၊ အမ်းမြို့တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်ကြီး ဦးဆောင်တဲ့ စစ်သုံ့ပန်း ၁၂ ဦးအနက် ဒဏ်ရာရရှိသူတွေကို ဆေးဝါးကုသပေးပြီး စနစ်တကျ စစ်သုံ့ပန်းဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အရှိုချင်းကာကွယ်ရေးတပ်(ACDF) မှ ပြန်ကြားရေးတာဝန်ခံ ဆလိုင်း ခနီလေဗွေက ပြောပါတယ်။
- ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၊စမွန်ပကန်ခရိုင်မှာရှိတဲ့ ကားပစွည်းထုတ်လုပ်ရေးစက်ရုံမှာ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးဖို့အတွက်လို့ ဆိုပြီး အလုပ်သမားတစ်ဦးကို ထိုင်းဘတ် ၁၃၀၀၀ တောင်းခံနေတဲ့အတွက် မြန်မာအလုပ်သမား ၄၀၀ ကျော် ဆန္ဒပြနေကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar