20 C
Yangon

အုတ်ဖိုမြို့နယ်တွင် ဓာတ်ဆီပုံးများ ယူဆောင်လာပြီး စစ်ကြောင်းထိုးနေသည့် စစ်တပ်က ယနေ့ ညပိုင်းတွင် ဝါးဖြူချောင်းရွာနှင့် ချောင်းစောက်ရွာကို တပြိုင်တည်း မီးတင်ရှို့နေ

Must read

အုတ်ဖိုမြို့နယ်တွင် ဓာတ်ဆီပုံးများ ယူဆောင်လာပြီး စစ်ကြောင်းထိုးနေသည့် စစ်တပ်က ယနေ့ ညပိုင်းတွင် ဝါးဖြူချောင်းရွာနှင့် ချောင်းစောက်ရွာကို တပြိုင်တည်း မီးတင်ရှို့နေ

ရန်ကုန်၊ ဒီဇင်ဘာ ၈

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ဓာတ်ဆီပုံးများ ယူဆောင်လာပြီး စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းတွင် ၀ါးဖြူချောင်းရွာနှင့် ချောင်းစောက်ရွာကို တပြိုင်တည်း မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ ည ၆ နာရီ ကျော်ခန့်မှ စ၍ အကြမ်းဖက် စစ်တပ်စစ်ကြောင်းက ၀ါးဖြူချောင်းရွာနှင့် ချောင်းစောက်ရွာကို တပြိုင်တည်း မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး ကျေးရွာအတွင်းမှ သေနတ်ပစ်ဖောက်သံများလည်း ဆူညံနေကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာလ ၇ ရက်နေ့က စတင်ပြီး အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမ အစပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးရန် ဓာတ်ဆီပုံးများ ကားဖြင့် တင်ဆောင်လာ၍ ကျေးရွာများကို ဝင်ရောက် စီးနင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် တံငါကုန်းရွာ ၊ ကျွဲဖြူမရွာ ၊ တောင်ကုန်းရွာ၊ ကြို့ကိုးပင်ရွာ၊ ၀ါးဖြူချောင်းရွာ၊ ချောင်းစောက်ရွာနှင့် ရွာရှောင်ရွာ တို့မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ်က အင်အား ၃၀၀ ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် မြေပြင်တွင်လည်း တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားမှု ရှိကြောင်း သိရသည်။

“ဝါးဖြူချောင်းရွာနဲ့ ချောင်းစောက်ရွာကို စစ်ခွေး တွေ အခုမီးရှို့နေပါတယ်။ မီးခိုးလုံးတွေ တက်နေတာ တော်တော်များတယ်တဲ့ မနက်ကတည်းက ဓာတ်ဆီတွေ ယူလာကတည်းက ထင်နေတဲ့အတိုင်းပဲ ကျွဲဖြူမနဲ့ ရွာရှောင် ကိုလည်း စစ်ခွေးတွေ ရောက်နေတယ်။ အိမ်တွေထဲကိုတော့ ၀င်မွှေနေတယ်။ အိမ်တွေချိုးဖျက်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရိုးမပေါ်တက်မည့် ကားလမ်းဘေးရှိ စမ်းကြီးကုန်း၊ ဝင်းသရက်၊ ဝါးဖြူချောင်းဘက်တွင်လည်း ကင်းပုန်းများ ဝပ်နေကြောင်း သိရသည်။

Photo – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article