ရန်ကုန်၊ ဒီဇင်ဘာ ၁၁
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပြင်တွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNDF B14 တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့တွင် လွိုင်ကော်မြို့ ပြင် တစ်နေရာတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သွားရောက် တိုက်ခိုက်ရာ စစ်သား အလောင်း ၃ လောင်း၊ သေနတ် ၄ လက် ၊ ကျည်ဘောက် နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂ ရက်နေ့တွင်လည်း ကုန်းဆွတ်ပအိုဝ်းရွာအကျော်ရှိ ကျောက်ကြီးအနီးတွင် လမ်းလုံခြုံရေး လုပ်နေသော အကြမ်း ဖက် စစ်ကောင်စီ တပ်သားများကို KNDF B14 မှ တော်လှန်ရေး ရဲဘော်များက ပြောင်းခင်းများကြားမှ စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
“ကင်းပုန်း ဝပ်နေတဲ့ စစ်ခွေးတွေကို တိုက်ခိုက်ချေမှုန်းတာ စစ်ခွေး အလောင်း ၃ လောင်းနဲ့အတူ သေနတ် ၄ လက်နဲ့ ကျည်ဘောက် ကျည်ဆန်တွေ ရရှိပါတယ်။ ကျနော်တို့ဘက်က ထိခိုက်မှု တစုံတရာမရှိဘဲ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့တယ်။ နောက်ပြီး ကုန်းဆွတ်ပအိုဝ်းရွာအကျော် ကျောက်ကြီးနားမှာ လမ်းလုံခြုံရေး လုပ်နေသော စစ်ခွေးတွေကို ပြောင်းခင်းများကြားကနေ ကရင်နီ စနိုက်ပါ သမားတွေ ချောင်းပစ်လို့ စစ်ခွေး ၂ ကောင် ထပ်သေတယ်။ အဲတိုက်ခိုက်မှုမှာ ဖရူဆိုတပ်က ဒုအရာခံ ဗိုလ် အသက် ၅၅ နှစ်ပင်စင်ယူဖို့ ၂ နှစ်လိုတဲ့သူ လည်းသေပါတယ်” ဟု KNDF B14 တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
လက်ရှိ လွိုင်ကော်မြို့နယ်တစ်၀ိုက်တွင် ကရင်နီတော်လှန်ရေးတပ်များနှင့် အကြမ်းဖက် စစ်ကောင်စီတပ်များအကြား စစ်ရေးတင်းမာလျက်ရှိပြီး စစ်ကောင်စီ့ကလည်း စစ်ကြောင်းထိုးရန် စစ်အင်အားများဖြည့်တင်းလျက်ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar