ရန်ကုန်၊ ဒီဇင်ဘာ ၁၁
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ရိက္ခာပို့ဆောင်ရန် ထွက်လာသည့် စစ်ရေယာဉ် ၂ စီးကို ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Nga Moe Yeik Column တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စစ်ရေယာဉ် ၂ စီးဖြင့် အုန်းပင်ဆိပ်ကမ်းမှ ကံကြီးကုန်း ပျူစောထီးရွာနှင့် အမြင့်ရဲစခန်းကို ချင်းတွင်းမြစ်ကြောင်းအတိုင်း ရိက္ခာပို့ရန် ထွက်လာစဉ် Nga Moe Yeik Column တပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိသည်။
” ကျနော်တို့ နောက်ထပ်အများကြီး ကြိုးစားသွားမယ်။ ဒီနေ့ တိုက်ခိုက်မှုကတော့ စစ်ခွေး ၃ ကောင် သေဆုံးပြီး ၆ ကောင် ထက်မနည်း ထိခိုက် ဒဏ်ရာရရှိသွားတယ်” ဟု Nga Moe Yeik Column တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar