ရန်ကုန်၊ ဒီဇင်ဘာ ၁၁
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မိုးနှောင်းခင်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မိုးနှောင်းခင်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူ အသက် ၅၃ နှစ်အရွယ် ဒေါ်စန်းဝင်း သေဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ ဗုံးကျဲလို့ ပြည်သူ ၁ ဦး သေဆုံးတယ်။ ဒဏ်ရာရတာ ၅ ဦးရှိတယ်။ နေအိမ် ပျက်စီးတာလည်း ၅ လုံးရှိတယ်။ တိုက်ပွဲမရှိဘဲ ကျဲချသွားတာ မိုးနှောင်းခင်းရွာဆိုတာက စစ်ကောင်စီ ထောက်ခံခဲ့တဲ့ရွာပါ။ တစ်ချိန်က ပျူစောထီးတွေအတွက် သင်တန်းပေးမှု အတွက် နေရာ လက်ခံခဲ့တဲ့ရွာပါ။ မြို့ပေါ် စစ်ခွေးတွေက ပျူစောထီး သင်တန်းပေးတဲ့အခါ အဲဒီရွာမှာပဲ သွားပေးကြရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar