25 C
Yangon

နိုင်ငံပေါင်း ၁၆ ခုရှိ မြန်မာအလုပ်သမားများထံမှ ပြည်တွင်းသို့ ပြန်လွှဲငွေများကို ကောက်ယူရန်အတွက် ငွေလွှဲအေးဂျင့် ၁၆ ခုကို စစ်ကောင်စီက တရားဝင်လိုင်စင်ချပေးပြီး အဆိုပါနိုင်ငံများသို့ စေလွှတ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

နိုင်ငံပေါင်း ၁၆ ခုရှိ မြန်မာအလုပ်သမားများထံမှ ပြည်တွင်းသို့ ပြန်လွှဲငွေများကို ကောက်ယူရန်အတွက် ငွေလွှဲလုပ်ငန်း ၁၆ ခုကို စစ်ကောင်စီက တရားဝင်လိုင်စင်ချပေးပြီး အဆိုပါနိုင်ငံများသို့ စေလွှတ်ထားကြောင်း အလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြည်ပအလုပ်အကိုင်အေဂျင်စီများနှင့် အလုပ်သမားများအကြား ပြည်ပအလုပ် အကိုင်အတွက် စာချုပ်ချုပ်ဆိုရာတွင် အလုပ်သမားများအနေဖြင့် ဝင်ငွေ၏ ၂၅ ရာခိုင် နှုန်းကို ပြည်တွင်းသို့ မဖြစ်မနေ ဘဏ်များမှတစ်ဆင့် ပြန်လည် လွှဲ ပြောင်း ရန် ထည့်သွင်းချုပ်ဆိုထားကြောင်း၊ အဆိုပါစာချုပ် ချုပ်ဆိုထားမှုကို အကောင်အထည်ဖော်ရန်အတွက် စစ်ကောင်စီက ငွေလွှဲအေးဂျင့် ၁၆ ခုကို လိုင်စင်ပေး၍ သက်ဆိုင်ရာ နိုင်ငံများသို့ စေလွှတ်ထားကြောင်း သိရှိရသည်။

စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ ပြည်တွင်းသို့ ငွေများပြန်လွှဲရန်အတွက် အေးဂျင့်လိုင်စင်များချထားပေးရာတွင်

၁- Ok Zune ကုမ္ပဏီ က စင်ကာပူအေးဂျင့်လိုင်စင်

၂-2C2P Plus (Myanmar) ကုမ္ပဏီက ထိုင်းနိုင်ငံအေးဂျင့်လိုင်စင်

၃-Wakhema Trading ကုမ္ပဏီက စင်ကာပူအေးဂျင့်လိုင်စင်

၄-Top Shine General ကုမ္ပဏီက စင်ကာပူနှင့်ဩစတြေးလျလိုင်စင်

၅-City Express Myanmar ကုမ္ပဏီက ဂျပန်နှင့် မလေးရှား လိုင်စင်

၆- Money King ကုမ္ပဏီက မလေးရှားနှင့်စင်ကာပူလိုင်စင်

၇-Theikdi Win Trading ကုမ္ပဏီက စင်ကာပူလိုင်စင်

၈-Hla Hla Pa Pa ကုမ္ပဏီက စင်ကာပူလိုင်စင်

၉-Union FX ကုမ္ပဏီက စင်ကာပူလိုင်စင်

၁၀- Mahar Bawga Remittance ကုမ္ပဏီက ထိုင်းနိုင်ငံလိုင်စင်

၁၁-True Money Myanmar ကုမ္ပဏီက ထိုင်းနိုင်ငံလိုင်စင်

၁၂-Royal Aung Moe Myint ကုမ္ပဏီက တရုတ်လိုင်စင်

၁၃- Saythawon Engineering ကုမ္ပဏီက ထိုင်းနိုင်ငံလိုင်စင်

၁၄-Supermyan Remittance ကုမ္ပဏီက ထိုင်းနိုင်ငံလိုင်စင်

၁၅-1-2-1 Public ကုမ္ပဏီက တောင်ကိုရီးယားလိုင်စင်

၁၆-Dazzling Ray ကုမ္ပဏီက မလေးရှားလိုင်စင် အသီးသီးချထားပေးကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီက ထပ်မံ၍ ပြည်ပရောက် မြန်မာအလုပ်သမားများထံမှပြည်ပတွင်းသို့ လွှဲငွေများ ကောက်ယူရန် အေးဂျင့်လိုင်စင်များ ထပ်မံချထားပေးမည်ဖြစ်ကြောင်း သိရှိရသည်။

“မြန်မာအလုပ်သမားတွေအနေနဲ့ စစ်တပ်က လိုင်စင်ချထားပေးတဲ့ အေးဂျင့်တွေကနေတစ်ဆင့် ပြည်တွင်းကို ငွေလွှဲမယ်ဆိုရင် အဲဒီငွေတွေက စစ်ကောင်စီဆီကို တိုက်ရိုက်ရောက်ရှိမှာဖြစ်ပါတယ်။ အဲဒါကြောင့် ငွေလွှဲမယ်ဆိုရင် စစ်တပ်က လိုင်စင်ချထားပေးတဲ့ အေးဂျင့်တွေကနေ မလွှဲဖို့ သတိထားသင့်တယ်။ မြန်မာအလုပ်သမားတွေအနေနဲ့ ပြည်တွင်းကို ငွေလွှဲတာမှာ ပုဂ္ဂလိကဘဏ်တွေက မလွှဲဘဲ ငွေလွှဲအေးဂျင့်တွေကပဲ လွှဲနေလို့ အခုလို အေးဂျင့်ငွေလွှဲလိုင်စင်တွေကို စစ်တပ်က တိတ်ဆိတ်ချထားပေးပြီး အဲဒီနိုင်ငံတွေကိုစေလွှတ်နေတာဖြစ်ပါတယ်” ဟု အလုပ်သမားဝန်ကြီးဌာနမှ ဖရဲသီးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ထံတွင် နိုင်ငံခြားငွေ လိုအပ်ချက်များပြားနေ၍ ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ နိုင်ငံခြားငွေများ ရရှိရေး မဖြစ်မနေ ကောက်ယူရန် အလုပ်သမားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများကို ဖိအားပေး ညွှန်ကြားထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article