Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ ညွှန်ကြားမှုကြောင့် မြန်မာနိုင်ငံကနေ ပြည်ပထွက်ခွာမှုတွေကို ထပ်မံ စိစစ် ပိတ်ပင်ဖို့အတွက် စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြးဌာနဲ့ အလုပ်သမားဝန်ကြီးဌာတွေပေါင်းပြီး ဆွေးနွေးမှုတွေ လုပ်နေပြန်တယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်းကြီးဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲဟာ တော်တော်ကို ပြင်းထန်နေပြီး ၊ စစ်တပ်စခန်းတွေလည်း သိမ်းပိုက်ခံနေရသလို ၊ စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူတွေနဲ့ပါ အသည်းအသန်ခုခံ နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ခေတ္တ အဝင်အထွက်မလုပ်ကြဖို့ ချင်းအမျိုးသား ကာကွယ်ရေးတပ် CNDF ပြန်ကြားရေးတာဝန်ရှိသူ ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-ရှမ်းပြည်နယ်တောင်ပိုင်းက တောင်ကြီးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီဘက်က ရဲတပ်သား ထက်ကိုငြိမ်း ဆိုသူဟာ လူငယ်တွေကို မြို့ကြီးတွေမှာ အလုပ်ပေးမယ် ၊ အလည်ပို့ပေးမယ်ဆိုတာ မျိုးတွေ ပြောပြီး စစ်တပ်ထဲကို ခေါ်သွင်းနေသလို ၊ တစ်ဖက်က တောင်ကြီး ထွေအုပ်ကလည်း လစဉ်စစ်မှုထမ်းမယ့် လူအရေအတွက် မပြည့်လို့ဆိုပြီး တပ်သားတွေကြိုစုဖို့ကိုပါ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို ဖိအားပေးခိုင်းစေနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။