ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ဧရာဝတီတိုင်း ၊ သာပေါင်းမြို့နယ်က အကြမ်းဖက် စစ်ကောင်စီဖွဲ့ထားတဲ့ ပြည်သူ့လုံခြုံရေး စစ် သင်တန်းဆင်းတွေဟာ အာရက္ခတပ်တော် AA ရဲ့ထိုးစစ်တွေလာတော့မှာကို ကြောက်လန့်ပြီး အသီးသီး ထွက်ပြေးနေကြတဲ့အပြင် ၊ ဂွမြို့နယ်၊ ခမရ-၅၆၃ တပ်ရင်းကို အပို့ခံရတဲ့ ပုသိမ် ရဲတပ်ဖွဲ့ဝင် တွေလည်း အလုံးအရင်းနဲ့ကို ထွက်ပြေးနေကြတယ်လို့ ပုသိမ်မြို့နယ် သတင်းအထူးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC တရားရုံးကနေ ဖမ်း၀ရမ်းထုတ်နိုင်ပါက တရားမျှ တမှုကို တည်ဆောက်နိုင်လိမ့်မယ်လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်က ထုတ်ပြောလိုက်ပြီး မင်းအောင်လှိုင် ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေ အရှိန်အဟုန်မြင့်လာနေပါတယ်။
- မြင်းမူ၊ ချောင်းဦး နဲ့ မုံရွာ မြို့နယ်တွေကို ဖြတ်သန်းလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ယာဉ်တန်း ကို တော်လှန်ရေးပူးပေါင်းတပ်တွေက လမ်းတစ်လျှောက် ဖျက်အားပြင်းမိုင်းတွေနဲ့ အကြိမ်ကြိမ် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်သား ၈ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar