29 C
Yangon

မင်းတပ်မြို့သိမ်း တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲနေ၍ ပြည်သူများ လူစုလူဝေး မပြုလုပ်ရန် မင်းတပ် ပအဖ က သတိပေး

Must read

မင်းတပ်မြို့သိမ်း တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲနေ၍ ပြည်သူများ လူစုလူဝေး မပြုလုပ်ရန် မင်းတပ် ပအဖ က သတိပေး

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်း တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲနေ၍ ပြည်သူများ လူစုလူဝေး မပြုလုပ်ရန် အမိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က မင်းတပ်မြို့နယ်အတွင်း မကြာခဏ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် လူစုလူဝေးပြုလုပ်ခြင်း၊ ရိုးရာပွဲလမ်းသဘင်များ ကျင်းပခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၄ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်ထိ မင်းတပ်မြို့၊ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေသည့် ကာလဖြစ်၍ လေကြောင်း တိုက်ခိုက်မှု ပိုမိုများပြားလာသောကြောင့် မင်းတပ်မြို့နယ်အတွင်း ပြည်သူများအနေဖြင့် ဘာသာရေးနှင့် သက်ဆိုင်သည့် အခမ်းအနားနှင့် ပွဲများ၊ ရိုးရာပွဲလမ်း သဘင်များ ကျင်းပပြုလုပ်ခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့် အညီ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့၌ ထပ်မံ အမိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မင်းတပ်မြို့ကို မထိန်းချုပ်နိုင်သေးပါဘူး။ ထိတွေ့မှုဖြစ်နေဆဲပဲ လေကြောင်းတိုက်ခိုက်မှု တွေရှိနေဆဲပဲ စစ်တပ်က မင်းတပ်မြို့ပေါ်ကို ဆက်တိုက် ဗုံးကျဲနေတာ” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ပြောဆိုသည်။

အဆိုပါ အမိန့်သည် ထုတ်ပြန်သည့်နေ့မှစ၍ နောက်ထပ် အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်မှု မပြုမချင်း အတည်ဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article