31 C
Yangon

ရပ်စောက်၊ ကျောက်ဂူဒေသတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်၏ လေကြာင်းတိုက်ခိုက်မှုနှင့် လက်နက် ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော် (DPLA) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသ ကျောက်ဂူ အမြောက်တပ်- အမတ ၃၄၉ အနီးတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် – DPLA နှင့် စစ် ကောင်စီတပ်တို့အကြား ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ပြည်သူလူထုနေထိုင်ရာ နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ထမင်းပေါင်းကျေးရွာမှ အရပ်သားတစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

“တိုက်ပွဲထဲမှာ စကစဘက်က ထိခိုက်သေဆုံးမှု အသေးစိတ်တော့ မသိရသေးဘူး။ ကျနော်တို့ဘက် က ရဲဘော်တွေ အားလုံးဘေးကင်းပါတယ်။ မနေ့နေ့လယ်ပိုင်းအထိကတော့ တိုက်ပွဲဆက်ဖြစ်နေ တုန်းပါ။ ညနေပိုင်းမှာတော့ ခွေးတွေ ပြန်ဆုတ်သွားလို့ ငြိမ်သွားတယ်။ စစ်ခွေး‌တွေ ဘက်က လေကြောင်း၊ လက်နက်ကြီး အသားကုန်အသုံးပြုနေပါတယ်။ လေကြောင်းကနေ ဒရုန်း၊ လေယာဉ်နဲ့ချတာတွေက ရွာတွေတွေထဲချတာ တော်တော်များတယ်။ တိုက်ပွဲအခြေအနေက ဆက် လက်ဖြစ်ပွားနိုင်တာမို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ နီးနီးမနေကြဖို့ ၊ လက်နက်ကြီး၊ လေကြောင်း အန္တရာယ်တွေကို ဂရုပြုကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော် (DPLA) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အလားတူ ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ကျောက်ဂူဒေသရှိ ကျေးရွာများကို အကြမ်းဖက် စစ် ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျောက်မီးခတ် ကျေးရွာဘုန်း ကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article