32 C
Yangon

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ရှိ အုန်းသီးစက်ရုံတွင် အလုပ်လုပ်နေထိုင်ခွင့်သက်တမ်းတိုးရန် အလုပ်သမား ၁ ဦးလျှင် ထိုင်းဘတ် ၉၂၀၀ တောင်းခံမှု မြန်မာအလုပ်သမား ၂၁၀၀ ကျော် ဆန္ဒပြ၊ စက်ရုံက အလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၆၅၀၀ သို့လျှော့ချသဖြင့် အောင်မြင်စွာ ပြီးဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်၊ ဘန်ဖီမြို့ ၊ထိုင်ပကန် ရပ်ကွက်ရှိ အုန်းသီးစက်ရုံတွင် အလုပ်လုပ်နေထိုင်ခွင့်သက်တမ်းတိုးရန် အလုပ်သမား ၁ ဦးလျှင် ထိုင်းဘတ် ၉၂၀၀ တောင်းခံသဖြင့် မြန်မာအလုပ်သမား ၂၁၀၀ ကျော်က ယနေ့ ဆန္ဒပြကြကြောင်း မြန်မာအလုပ်သမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မွန်းလွဲ ၁ နာရီအချိန် အဆိုပါ အုန်းသီးစက်ရုံမှ မြန်မာအလုပ်သမား ၂၁၀၀ ကျော်လုံးက အလုပ်လုပ်နေထိုင်ခွင့် သက်တမ်းတိုးရန် စက်ရုံက အလုပ်သမား ၁ ဦးလျှင် ထိုင်းဘတ် ၉၂၀၀ တောင်းခံမှုသည် အလွန်စျေးကြီးနေသဖြင့် သင့်တင့်မျှတသော စျေးနှုန်းဖြစ်ပေါ်စေရေး ငြိမ်းချမ်းစွာ ဆန္ဒပြကြကြောင်း၊ စက်ရုံက မြန်မာအလုပ်သမားများနှင့် နာရီဝက်ကြာ ညှိနှိုင်းပြီးနောက် အလုပ်သမား ၁ ဦးလျှင် ဗီဇာနှင့်အလုပ်လုပ်နေထိုင်ခွင့် သက်တမ်းတိုးရန် ထိုင်းဘတ် ၆၅၀၀ သာ ကောက်ခံတော့မည်ဟု ကတိပြုသဖြင့် မြန်မာအလုပ်သမား ၂၁၀၀ ကျော်လုံး၏ ဆန္ဒပြမှု အောင်မြင်စွာ ပြီးဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“ပတ်စ်ပို့နဲ့ဝက်ပါမစ်တော်တာ ထိုင်းဘတ် ၉၂၀၀ တောင်းနေလို့ မြန်မာအလုပ်သမား ၂၁၀၀ ကျော်လုံးက ဆန္ဒပြတာ အခုနောက်ဆုံး အလုပ်သမား ၁ ဦးကို ထိုင်းဘတ် ၆၅၀၀ နဲ့ပြီးပြတ်သွားပါတယ်။ မွန်းလွဲ ၁ နာရီမှာ ဆန္ဒပြတာ စက်ရုံဘက်က ညှိနှိုင်းလို့ မိနစ် ၃၀ အတွင်း ပြီးဆုံးသွားပါတယ်”ဟု အဆိုပါစက်ရုံမှ မြန်မာအလုပ်သမားက ပြောဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာစစ်ကောင်စီက မြန်မာအလုပ်သမားများထံမှ အခွန်ကောက်ခံရရှိရေး ထိုင်းအာဏာပိုင်များနှင့်ပူးပေါင်း လုပ်ဆောင်နေသဖြင့် မြန် မာအလုပ်သမားများ၏ ထိုင်းနိုင်ငံတွင်း နေထိုင် အလုပ်လုပ်ခွင့် သက်တမ်းတိုးရေးမှာ စျေးနှုန်း အလွန်ကြီးမြင့်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article