ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ပြည်သူတွေကို တော်လှန်ရေးအခြေအနေတွေနဲ့ ပတ်သက်ကာ အသိပေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ နွားထိုးကြီး People Defense Force က တရားဝင်သတင်းထုတ်ပြန်ပါတယ်။
- ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို သိမ်းပိုက်ပြီးနောက် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၄ ဦးကို ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ကန်ပက်လက်အခြေစိုက် ချင်းတော်လှန်ရေး အဖွဲ့ခေါင်းဆောင် ဆလိုင်းအောင်လင်းက ပြောပါတယ်။
- မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ရိက္ခာပို့စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar