25 C
Yangon

စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် စန်းငွေ ပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် စန်းငွေသည် ယနေ့ နံနက်ပိုင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန်ရကာ သေမလိုဖြစ်နေ၍ ဆေးရုံတက် ကုသမှု ခံယူနေရကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန် စမ်းချောင်းမြိုနယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ပန်းလှိုင်လမ်းရှိ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲ ပြုတ် စန်းငွေ တစ်ဦးတည်းသာရှိနေစဉ် လူတချို့ ရောက်ရှိလာပြီး ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ ပစ်ခတ်မှုကြောင့် ရဲပြုတ်အုပ်ချုပ်ရေးမှူး စန်းငွေမှာ ဝမ်းဗိုက်ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက် အပြင်းအထန်ရရှိပြီး ဒဏ်ရာအခြေအနေမှာ စိုးရိမ်ရကြောင်း၊ လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို ပိုဆောင်ဆေးကုသမှူခံယူလျက်ရှိကြောင်း၊ စစ်တပ်က ယင်းနေရာပတ်ဝန်းကျင်ကို ပိတ်ဆို့၍ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“သေသလားရှင်းသလားတော့မသိရသေးဘူး။ ရန်ကုန်ဆေးရုံကြီး အရေးပေါ်မှာလို့ပြောတယ်” ဟု စမ်းချောင်း တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုက ရှင်းပြသည်။

စမ်းချောင်းအခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ရဲပြုတ်စန်းငွေသည် ဟုမ်းလမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးသိန်း ထွက်ပြေးပြီး နောက် အုပ်ချုပ်ရေးမှူး အသစ်အဖြစ် လုပ်ဆောင်လာသူဖြစ်ကြောင်း၊ ၎င်း၏ ဇနီး ခင်ခင်ရွှေကလည်း အာဏာပါဝါပြကာ ရပ်ကွက်နေပြည်သူများကို အနိုင်ကျင့် ဗိုလ်ကျနေကြောင်း၊ ရဲပြုတ် စန်းငွေ သည် စစ်မှုထမ်းစုဆောင်းခြင်း၊ စစ်ကောင်စီအလို ကျ သန်းခေါင်စာရင်းနှင့် မဲစာရင်းကောက်ခြင်း၊ ပြည်သူကို ငွေညှစ်ခြင်းများ လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article