ရန်ကုန်၊ ဒီဇင်ဘာ ၂၇
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ဆုံးရှုံးပြီး ၃ ရက်အကြာ ရန်ကုန်တွင်ပြုလုပ်သည့် စစ်တက္ကသိုလ် DSA ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၁၉ သင်တန်းဆင်း အရာရှိများတွေ့ဆုံပွဲတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြူကြူလှအတွက်ဟုဆိုကာ “သုံးရာသီ” သီချင်း သီဆိုခဲ့ကြောင်း တပ်အသိုင်းအ၀ိုင်းက အတည်ပြုပြောဆိုသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာ၊ ဇေယျာသီရိဗိမာန် ခန်းမတွင် ပြုလုပ်သည့် စစ်တက္က သိုလ် DSA အပတ်စဉ် ၁၉ ၏ ၄၇ နှစ်မြောက် နှစ်ပတ်လည် တွေ့ဆုံပွဲသို့ မင်းအောင်လှိုင်နှင့်မိန်းမ ကြူကြူလှတို့ တက်ရောက်ခဲ့ကြကြောင်း၊ ယင်းပွဲတွင် မင်းအောင်လှိုင်က ကြူကြူလှအတွက် အဆိုတော် ကိုအံ့ကြီး သီဆိုခဲ့သော “သုံးရာသီ” တေးသီချင်းကို သီဆိုပေးခဲ့ကြောင်း သိရှိရသည်။
“အဲဒီသီချင်းက တပ်ချုပ်အကြိုက်ဆုံးသီချင်းပါ။ DSA အပတ်စဉ် ၁၉ ကျောင်းဆင်းအရာရှိတွေ တွေ့ဆုံပွဲတွေမှာ သူမကြာခဏ ဆိုပါတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
မင်းအောင်လှိုင် သီဆိုခဲ့သော “သုံးရာသီ” သီချင်းမှာ အဝေးရောက်နေကြသည့် ချစ်သူ ၂ ဦးအကြား သံယော ဇဉ်ကို ဖွဲ့ဆိုထားခြင်းဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ဒီဇင်ဘာလ ၂၃ ရက်နေ့ ပြုလုပ်ခဲ့သည့် DSA အပတ်စဉ် ၁၉ ၏ ၄၇ နှစ်မြောက်နှစ်ပတ်လည် သင်တန်း ဆင်းအရာရှိများ တွေ့ဆုံပွဲတွင် လုံခြုံရေး အထူးတင်းကျပ်ခဲ့ပြီး မင်းအောင်လှိုင် မိသားစုက ပွဲကို ကမကထ ကျင်းပခဲ့ကာ လက်ဆောင်များ မဲဖောက်ခြင်း၊ ကံစမ်းမဲများ ပေးခြင်းနှင့် အစားအသောက်များ အလျှံပယ် ကျွေးမွေးခြင်းများဖြင့် မင်းအောင်လှိုင်က ပျော်ရွှင်နေခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar