26 C
Yangon

သာယာဝတီတွင် တပ်စွဲထားသော စစ်တပ်က မြို့ပေါ်လုံခြံရေးဟုဆိုကာ ပြည်သူများကို အတင်းအဓမ္မ စစ်သင်တန်းပေးနေပြီး အမာခံ ပျူစောထီးများကိုလည်း လက်နက် တပ်ဆင်ပေးနေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က မြို့ပေါ်လုံခြံရေးဟုဆိုကာ ပြည်သူများကို အတင်းအဓမ္မ စစ်သင်တန်းပေးနေပြီး အမာခံ ပျူစောထီးများကိုလည်း လက်နက် တပ်ဆင်ပေးနေကြောင်း ဒေသ သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခု ဒီဇင်ဘာလပိုင်းမှ စတင်ပြီး သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ရှိ ဓမ္မသုခ ကျောင်းတိုက် ဝင်းအတွင်း တပ်စွဲထားသော အကြမ်း ဖက် စစ်တပ် အင်အား ၁၀၀၀ ခန့်ရှိကြောင်း၊ ထိုသို့ အင်အား အလုံးအရင်းဖြင့် တပ်စွဲထားပြီးနောက် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် တော်လှန်ရေး တပ်ဖွဲ့များက သာယာဝတီခရိုင်အတွင်း မြို့သိမ်း တိုက်ပွဲများဖြစ်ပွားနိုင်၍ ပြည်သူများကို သတိပေးနှိုးဆော်ချက် ထွက်ပေါ်ပြီးချိန်မှ စတင်၍ စစ်တပ်က သုံးဆယ်မြို့နှင့် သာယာဝတီမြို့နယ်အတွင်းမှ ပြည်သူများကို မြို့ပေါ်လုံခြံရေးဟုဆိုကာ ပြည်သူများကို အတင်းအဓမ္မ စစ် သင်တန်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ၎င်းတို့ စစ်သင်တန်းပေးထားသော ပြည်သူတချို့ကို လက်နက် တပ်ဆင်ပေးထားပြီး စစ်တပ် အမာခံ ပျူစောထီး အများစုကို လက်နက်တပ်ဆင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

“သုံးဆယ်မြို့ ဓမ္မသု ခကျောင်းတိုက်ဝင်းအတွင်းမှာ စစ်ခွေးတွေက မြို့ပေါ်ပြည်သူ့လုံခြုံရေးဆိုပြီး ပြည်သူတွေကို အတင်း အဓမ္မ စစ်သင်တန်းခေါ်ပေးတာတွေလုပ်နေတယ်။ နောက်ပြီး ရပ်ကွက်/အုပ်စု တွေက စစ်ခွေးအမာခံ ပျူစောထီးတွေကိုလည်း လက်နက်တပ်ဆင်ပေးနေပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်ကပြောဆိုသည်။

ထို့ပြင် သာယာဝတီခရိုင်အတွင်းရှိ ကျန်ရှိနေသော လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ မိုးညိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ နတ်တလင်းမြို့နယ်နှင့် ဇီးကုန်းမြို့နယ် တို့တွင်လည်း အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ ငွေညှစ်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article