ရန်ကုန်၊ ဒီဇင်ဘာ ၃၁
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါသော လုံခြုံရေး ကား ၁ စီးကို တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး လက်နက် ၄ လက်ရရှိကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ Young Force – UGမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန် မကွေးတိုင်း၊ပခုက္ကူမြို စက်မှုဇုန် ၁ လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါသော ကား ၁ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး လက်နက် ၄ လက်ရရှိခဲ့ကြောင်း၊ အဆိုပါ ကားသည် ပခုက္ကူမြို့ စက်မှုဇုန်ဂိတ်မှ မြို့ ထဲသိုပြန်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
သိမ်းဆည်းရရှိသော လက်နက်များမှာ MA 3 လက်နက်များဖြစ်ပြီး ကျည်ဘောက် ၈ ခု နှင့် ကျည် ၁၆၈ တောင့် ၊ ဖုန်းတစ်လုံး သိမ်းဆည်းရရှိခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar