ရန်ကုန်၊ ဒီဇင်ဘာ ၃၁
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၈ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း Democracy Movement Strike Committee-Dawei လူမှုကူညီရေးဆပ်ကော်မတီ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောဆိုသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စတင်ပြီး ကျောက်နီမော်ဒေသတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်သားများက အနီးအနားရှိ ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုး မီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် ဇလွတ်ရွာ၊ ကျော်နီမော်ရွာ၊ ကျောက်ဝပ်ပြင်ရွာ၊ အောက်ကျောက်ဝပ်ရွာ၊ ကြက်လွှတ်ရွာ၊ ညောင်ပြင်ရွာ၊ ကျောက်မတ်တတ်ရွာနှင့် ထောက်နတ်ကျေးရွာမှ ပြည်သူ ၃၀၀၀ ကျော်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“ဒီဇင်ဘာလ ၂၄ရက်နေ့ကစပြီး နှစ်ဖက် တိုက်ပွဲ စဖြစ်တာ နှစ်ဖက်တိုက်ပွဲ စဖြစ်ပြီးတော့ ဒီနေ့အထိ စစ်ကောင်စီဘက်ကနေ စစ်ကြောင်းထိုးတယ်ပေါ့။ အခုကတော့ ကြက်လွှတ်ရွာ ရောက်နေတယ်ပေါ့။ လက်ရှိမှာစစ်ကြောင်းကတော့ တပ်စွဲထားတယ်လို့တော့ မဟုတ်ဘူး။ သူတို့က တစ်ရက်ပြီးတစ်ရက် ဒီရွာပြီးရင် ဒီရွာသွားနေတာဆိုတော့ လောလောဆယ် မနက်ကသိရတဲ့ အခြေအနေကတော့။ ကြက်လွှတ်ရွာကို ရောက်နေပြီပေါ့။ သူတို့ စစ်ကူဝင်တဲ့ အင်အားကျတော့ ၁၀၀ကျော်လောက်ရှိတယ်။ စစ်ကောင်စီဘက်ကနေပြီးတော့ ဒီပြည်သူတွေ အပေါ်မှာ အဲဒီလိုမျိုး မတရား သူတို့က စစ်ကြောင်းထိုးတာ ဖမ်းဆီးတယ်ပြီးရင် သတ်ဖြတ်တယ်။ လူသားဒိုင်ပုံစံမျိုးနဲ့ ဖမ်းဆီး ခေါ်ဆောင် သွားကျတယ်။ ပြီးရင် လူနေ အိမ်တွေ မီးရှို့ ဖျက်ဆီးတယ်။ ပစ္စည်းတွေ သိမ်းဆည်းတယ်ပေါ့။ အဲဒီလိုမျိုး လုပ်နေတာတွေက နိုင်ငံတကာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်တယ်။ အဲဒီလိုမျိုး စစ်ကေင်စီဘက်ကနေ ကျုးလွန်နေတဲ့ စစ်ရာဇဝတ် ကျုးလွန်တာကို ရပ်တန်းက ရပ်သင့်တယ်လို့ မှတ်ချက်ပေးချင်ပါတယ်”ဟု DDMSC လူမှုကူညီရေးဆပ်ကော်မတီ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
လက်ရှိ အချိန်တွင် စစ်ဘေးရှောင် ပြည်သူ ၃၀၀၀ကျော် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အုတ်ဖိုတာဆုံပန်းတင်အုပ်စု၊ သင်တောရိုးရွာအနီးတွင် ကြံ့ဖွံ့စည်းရုံးနေရေးမှူး သားအဖကို စစ်ကောင်စီ တပ်သားများက ပစ်ခတ်ခဲ့ရာ ၂ ဦးစလုံး ဒဏ်ရာရရှိပြီး ဖခင်ဖြစ်သူ ခြေထောက်ဖြတ်တောက်ရသည်အထိ ဒဏ်ရာ အခြေအနေ ပြင်းထန်ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၇ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ မိုးညိုတန်းရပ်ကွက်တွင် နေထိုင်သော သဇင်အလှပြင်ဆိုင်ပိုင်ရှင် ကြံဖွတ်ပါတီဝင် ကျော်သန်းနှင့် သားဖြစ်သူ ကြံဖွတ်ပါတီစည်းရုံရေးမှူး စည်သူကျော်တို့က ကားမောင်းသင်နေစဉ် သင်တောရိုးရွာအနီးအရောက်တွင် စစ်ဗိုလ်တစ်ဦး အပါအဝင် စစ်သား ၄ ဦးက ကားရပ်ခိုင်းစဉ် ဘရိတ်မမိ၍ ရပ်တန့်မရသောကြောင့် ဝိုင်းဝန်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းပစ်ခတ်မှု အတွင်း စည်ကျော်သည် နားရွက်ကျည်ထိမှန် ဒဏ်ရာရရှိကာ ကျော်သန်းသည် ခြေထောက်ကျည် ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သော ကျော်သန်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုထားပြီး ဒဏ်ရာပြင်းထန်သောကြောင့် ခြေထောက်ဖြတ် ရမည့်အခြေအနေရှိကြောင်း သိရှိရသည်။
“စည်သူကျော်က ကြံ့ဖွတ်စည်းရုံးရေးမှူး သားအဖနှစ်ယောက်က ကြံ့ဖွတ်ပါတီဝင်တွေ မြို့နယ်မှာ စစ်တပ် ဒေါက်တိုင်တွေ မူးယစ်ဆေးဝါးလည်း ရောင်းတယ်။ အာဏာသိမ်းပြီးနောက်မှာ စီးပွားထိုးတက်သွားတာ သားက ရန်ကုန်ပြောင်းနေတယ် ။ သူ့အဖေအတွက် ကားအသစ် ၁ စီး ဝယ်ပေးတာ အဲဒီကားကို အမောင်းသင်ရင်း ပစ်ခံရတာ မြို့ပေါ်က လူတွေ တော်တော်များများ ကတော့ အဲလိုဖြစ်သွားတာ ဝမ်းသာနေကြတယ်” ဟု ဒေသနေ ပြည်သူတစ်ဦး က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar