ရန်ကုန်၊ ဇန်နဝါရီ ၁
ရခိုင်ဘက် ဒေသမှ တော်လှန်ရေးတပ်များက တိုက်ခိုက်လာမည်ကို စိုးရိမ်၍ မကွေးတိုင်းအတွင်းရှိ စစ်လက်နက်ပစ္စည်းထုတ်စက်ရုံ(ကပစတပ်)များအားလုံးတွင် အရေးပေါ် စစ်အင်အားများ စစ်ကောင်စီက ဖြည့်တင်းထားကြောင်း တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့မှစတင်၍ မကွေးတိုင်းအတွင်းရှိ မကွေးတိုင်းအတွင်းရှိ စစ်လက်နက်ပစ္စည်းထုတ်စက်ရုံ(ကပစတပ်)များအားလုံးတွင် လက်ရှိ ရှိရင်းစွဲအင်အားထက် ပိုမို၍ စစ်ကူအင်အားများ တိုးမြှင့်နေခြင်းဖြစ်ကြောင်း၊ စစ်ကူအင်အား တိုးမြှင့်ရာတွင် နီးစပ်ရာမြို့များမှ စစ်အင်အားများကို ကပစစက်ရုံများသို့ စေလွှတ်ပူးပေါင်းခိုင်းခြင်းဖြစ်ပြီး ကုန်းလမ်း ထိန်းချုပ်ခံရသော ဒေသများတွင် ရဟတ်ယာဉ်များဖြင့် စစ်ကူများ ပေးပို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကပစစက်ရုံတွေ တိုက်ခိုက်ခံရမှာစိုးလို့ စစ်ကူအင်အားတွေ ထပ်ဖြည့်တင်းနေပါတယ်။ စက်ရုံပတ်ဝန်းကျင်မှာ မိုင်းထောင်မှုတွေလည်း တိုးမြှင့်တဲ့အပြင်၊ ဘန်ကာတွေ တိုးဆောက်တာ၊ ရိက္ခာနဲ့ လက်နက်ခဲယမ်း၊ စစ်သည်ဦးရေ တိုးမြှင့်ချထားတာတွေ တစ်ပြိုင်နက်တည်း လုပ်ဆောင်နေပါတယ်” ဟု နေပြည်တော် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မကွေးတိုင်းရှိ ကပစစက်ရုံများသို့ ရခိုင်ပြည်နယ်ဘက်မှ တော်လှန်ရေးတပ်များ ဝင်ရောက်လာမည်ကို အဓိက စိုးရိမ်နေခြင်းဖြစ်သည်ဟု သိရှိရသည်။
စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ထားသော မကွေးတိုင်း၊ ကပစစက်ရုံများတွင် အမှတ် ၂ ကပစ စက်ရုံ၊ အမှတ် ၈ ကပစ စက်ရုံ၊ အမှတ် ၁၀ ကပစစက်ရုံ၊ အမှတ် ၁၂ ကပစ စက်ရုံ၊ အမှတ် ၁၃ စက်ရုံ ၊ အမှတ် ၁၄ စက်ရုံ၊ အမှတ် ၁၅ စက်ရုံ ၊ အမှတ် ၁၇ စက် ရုံ၊ အမှတ် ၁၈ စက်ရုံ၊ အမှတ် ၂၀ စက်ရုံ၊ အမှတ် ၂၁ စက်ရုံ၊ အမှတ် ၂၂ စက်ရုံ၊ အမှတ် ၂၃ စက်ရုံ၊ အမှတ် ၂၄ စက်ရုံ၊ အမှတ် ၂၅ စက်ရုံ စုစုပေါင်း ကပစ တပ် ၁၅ ခု ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – လက်နက်ငယ်ကို စမ်းသပ်ကိုင်တွယ်နေသော အကြမ်းဖက် မင်းအောင်လှိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar