ဒီကနေ့ ဇန်နဝါရီ ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီကို ဖယ်ရှားပြီးတဲ့နောက် အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းရေးနဲ့ ဖက်ဒရယ် အခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်တွေကို NUG ယာယီသမ္မတ ဒူဝါလရှီးလက တရားဝင် စတင် ချပြလိုက်ပါတယ်။
- အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အကျဉ်းသား နဲ့ အကျဉ်းသူ ၁၆၉ ဦးကို ဒီကနေ့ နှစ်သစ်မှာပဲ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ပြီး အခြားအကျဉ်းသား/အကျဉ်းသူတွေကို ထောင်ဒဏ် ၃ ပုံ၊ ၁ ပုံ လျှော့ပေါ့ပေးလိုက်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ ဇန်နဝါရီလ ၁ ရက်နေ့မှာပဲ အမိန့် ထုတ်ပြန်လိုက်ပါတယ်။
- မန္တလေးတိုင်းက စဉ့်ကိုင်မြို့နယ်မှာ အလုပ်သမားတွေကို စစ်မှုထမ်း တပ်သားသစ်အဖြစ် ခေါ်ယူမှာ ဖြစ်တဲ့အတွက် လူစာရင်းတွေ ပေးပို့ဖို့ အကြမ်းဖက် စစ်ကောင်စီရဲ့ မြို့နယ်စီမံဥက္ကဋ္ဌ ဗိုလ်မှူး ပြည့်ဖြိုးအောင် ဆိုသူကနေ လုပ်ငန်းရှင်တွေကို အမိန့်ပေးလာပြန်သလို ၊ တစ်လကို အလုပ်သမား အယောက် ၅၀ စစ်မှုထမ်းဖို့ ခေါ်မယ့် သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar