ရန်ကုန်၊ ဇန်နဝါရီ ၂
ယနေ့ကာလတွင် လျှပ်စစ်ကားများ အသုံးပြုလာနေပြီဖြစ်၍ သင်္ဘောများတွင် ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုခုတ်မောင်း နိုင်ရေး သုတေသနလုပ်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပြန်သည်။
ယမန်နေ့ ဒလသင်္ဘောကျင်း နှစ် ၁၅၀ ပြည့် အခမ်းအနားတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တက်ရောက်၍ ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
” ယနေ့ကာလအတွင် ကုန်လမ်းပို့ဆောင်ရေး ယာဉ်များတွင် လျှပ်စစ်၊ ဘက်ထရီစသည်ဖြင့် စွမ်းအားများကို အသုံးပြုနေပြီဖြစ်သည့်အတွက် သင်္ဘောများတွင်လည်း ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုနိုင်ရေး သုတေသနပြုဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း” မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုသွားခြင်းဖြစ်သည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စတင်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်ကတည်းက ယင်းသို့ လက်တွေ့ ဖြစ်နိုင်ခြင်းမရှိသော၊ အမှန်တကယ်ဖြစ်လာခြင်းမရှိသည့် စီမံကိန်းများ လုပ်ဆောင်မည်ဟု မကြာခဏ ဆိုသလို ထုတ်ဖော်ပြောဆိုခဲ့ရာမှ ယခုနောက်ဆုံးတွင် ဘက်ထရီစွမ်းအင်စနစ်သုံး သင်္ဘောများကို သုတေသနပြုရန် ပြောဆိုလာခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလ အစည်းအဝေးများနှင့်ဖွင့်ပွဲများတွင် မြန်မာနိုင်ငံတွင် လျှပ်စစ်ရထားနှင့် လျှပ်စစ်ကား စီမံကိန်း အကောင် အထည်ဖော်မည်ဖြစ်ကြောင်း၊နေပြည်တော်တွင် မြေအောက်ရထားစနစ်နှင့် လျှပ်စစ်ဘတ်စကားများ ပြေးဆွဲမည်ပြောဆိုခဲ့သည်။
မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်အတွင်း ရန်ကုန်-ပြည် ရထားကို လျှပ်စစ်ရထား ပြေးဆွဲမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင်လည်း နေပြည်တော်တွင် လျှပ်စစ် ရထားလမ်းဖောက်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
၂၀၂၁ နှစ် အောက်တိုဘာလ ၂၅ ရက်နေ့ နေပြည်တော် စစ်ကောင်စီအစည်း အဝေးတွင် မင်းအောင်လှိုင်က “တစ်နိုင်ငံလုံး လျှပ်စစ်ရထားလမ်းနဲ့ဆွဲရပါလိမ့်မယ်။ တစ်နိုင်ငံလုံး လျှပ်စစ်ရထားနဲ့ပြေးပါမယ်။ မြို့ပေါ်မှာသုံးတဲ့ကားတွေဟာ လျှပ်စစ်ကားတွေ ဖြစ်ရပါလိမ့်မယ်။ ကျနော်တို့ တွက်ချက်နေတယ်။ အချိန်တစ်ခုပြီးရင် အဲဒါကိုကြေညာပါ့မယ်။”ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ ရန်ကုန်တိုင်း၊ မင်္ဂလာ တောင် ညွန့် မြို့နယ်၊ မလွှ ကုန်း ဒီဇယ်စက်ခေါင်းပြင်စက်ရုံကို သွားရောက် စစ်ဆေးစဉ်ကလည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ခေတ်မီသည့် ရထား သယ် ယူ ပို့ဆောင်ရေး စနစ်ကို ဖော်ဆောင်နိုင်ရမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား အသုံး ပြု သည့် မီးရ ထား စက်ခေါင်းများကို ထုတ်လုပ်နိုင်ရန် လိုကြောင်း၊ ရထား သယ် ယူ ပို့ဆောင်ရေးကို လျှပ်စစ်အသုံးပြု၍ ပြောင်းလဲ ပြေးဆွဲနိုင်ရေး ကြိုတင် ပြင် ဆင်မှုများကို ဆောင် ရွက်သွားရန် လိုအပ်ကြောင်း ပြောဆိုခဲ့ဖူးသည်။
မင်းအောင်လှိုင်၏ လျှပ်စစ်ရထား၊ မြေအောက်ရထား၊ လျှပ်စစ်ဘတ်စ်ကား စီမံကိန်းများကို လုပ်ဆောင်မည်ဟု မကြာခဏ ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် လျှပ်စစ်မီးပင် မှန်မှန်မပေးနိုင်၍ ပြည်သူများအကြား လှောင်ရယ်စရာဖြစ်လာသည်။
မြန်မာတစ်နိုင်ငံလုံးတွင် တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၄၄၃ မဂ္ဂါဝပ်ရှိရာတွင် လက်ရှိ လျှပ်စစ်ဓာတ်အား တစ်ရက်လျှင် မဂ္ဂါဝပ် ၂၀၀၀ ဝန်းကျင်သာ ထုတ်လုပ်နိုင်တော့သဖြင့် ဓာတ်အားမှာ ၃၅ ရာခိုင်နှုန်းသာ ထုတ်လုပ်နိုင်ကြောင်း၊ ထို့ကြောင့် ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများအားလုံးတွင် လျှပ်စစ်မီးများမှာ တစ်နေ့လျှင် ၄ နာရီပင် ပုံမှန် မရရှိတော့ကြောင်း၊ မီးပျက်ချိန် ပိုမိုများပြားနေကြောင်း၊ စက်မှုဇုန်များတွင် လုံး၀ လျှပ် စစ်မီး မရရှိတော့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar