20 C
Yangon

ဖြူးမြို့နယ်၊ ဇေယျာ၀တီမြို့၊ ရမ်းနဂါးကျေးရွာ ဟိန္ဒူဘုရားကျောင်းကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု ဟိန္ဒူဘာသာဝင် ပြည်သူ ၇ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျာ၀တီမြို့၊ အရှေ့ဘက် ၊ အမဲခေါင်ကျေးရွာအုပ်စု၊ ရမ်းနဂါးကျေးရွာ ဟိန္ဒူဘုရားကျောင်းကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲချခဲ့ရာ ဟိန္ဒူဘာသာဝင် ပြည်သူ ၇ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ရမ်းနဂါးကျေးရွာ ဟိန္ဒူဘုရား‌ကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာမှာ ဘုရားကျောင်းတွင် ရှိနေသည့် ဟိန္ဒူဘာသာဝင် ၇ ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူအများအပြား လည်းရှိကြောင်း၊ ဘုရားကျောင်းမှာလည်း ပျက်စီးသွားကြောင်း သိရှိရသည်။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျာ၀တီနှင့် ညောင်ခြေထောက်ကျေးရွာအကြားတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ပြည်သူများ စစ်ဘေးရှောင်နေရကြောင်း​ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၀ ရက်ဝန်းကျင်မှစတင်ပြီး ဖြူးမြို့နယ်၊ ဇေယျ၀တီမြို့၊ အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ် များအကြား မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ဖုန်းလိုင်းများ ဖြတ်တောက်ပြီး အင်တာနက်လိုင်းများကိုပါ ဖြတ်တောက်ထားကြောင်း ၊ ဇေယျာ၀တီမြို့အတွင်းရှိ ကျေးရွာများကိုလည်း စစ်တပ်က ဒရုန်းများဖြင့် နေ့စဉ် ဗုံးကျဲမှုများ လု်ပဆောင်နေကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ ရှိ ကျေးရွာ များကို စစ်တပ်က နေစဥ်ရက်ဆက် ဒရုန်းနဲ့ ဗုံးကျဲချသည့်အပြင် မြေပြင်တွင်လည်း စစ်ကြောင်းထိုးနေကြောင်း၊ ကျေးရွာများသို့ စစ်တပ်က ဝင်ရောက်ပြီး အဖိုးတန် ပစ္စည်းများ၊ ရွှေ၊ ငွေနှင့် ဆိုင်ကယ်များကိုလည်း လုယက် ဖောက်ထွင်းယူဆောင်နေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက လက်ရှိတွင် ဖြူးမြို့နယ် အပါအဝင် ပဲခူးရိုးမတလျှောက် မြို့နယ်များတွင် စစ်အင်အားများ တိုးချဲ့ကာ စစ်ကြောင်းထိုးမှုများကို နေ့ရာ ညပါ လုပ်ဆောင်လာကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article