22 C
Yangon

ဘုတလင်မြို့ပေါ်မှ ဈေးသည် ကိုသော်ဇင်ဖြိုးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် အရှေ့မြောက်ဘက်ရှိ တလိုင်းရွာအနီးတွင် အကြမ်းဖက် စစ်တပ်က စျေးသည် ကိုသော်ဇင်ဖြိုးကို သတ်ဖြတ်ခဲ့ပြီး သေဆုံးပြည်သူ၏ ရုပ်အလောင်းကို ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြန်လည် တွေ့ရှိခဲ့ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ အကြမ်းဖက်စစ်တပ်က ဘုတလင်မြို့ပေါ် လမ်းဆုံအနီး ဈေးရောင်းနေသည့် ကိုသော်ဇင်ဖြိုးကို ဖမ်းဆီးခဲ့ပြီးနောက် ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် အလောင်းကို စွန့်ပစ်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ဒီဇင်ဘာ ၃၁ ရက်နေ့က ကူတော်ရွာကနေ ကျနော်တို့ရွာဆီကို စစ်ကြောင်းထိုးလာတာရှိတယ်ဗျ။ သူတို့စစ်ကြောင်းလာပြီဆိုကတည်းက ရွာသားတွေ အကုန်လုံး စစ်ဘေးရှောင်‌နေကြရတယ်။ သူတိုညနေပိုင်းမှာ ဘုတလင်မြို့ထဲဝင်သွားပြီဆိုတဲ့ သတင်းအတိကျရမှ ဒီနေရွာထဲပြန်ဝင်တဲ့အခါ ဒီအလောင်းကို တွေ့ခဲ့ရတာဗျ။ ကျနော်တို့ အလောင်းတွေ့လို့ ဒေသပြည်သူကာကွယ်ရးတပ်ဖွဲ့ကို အကြောင်းကြားအပ်လိုက်တယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

သေဆုံးသူ ကိုသော်ဇင်ဖြိုးသည် ကူတော်ရွာစခန်းဆီသို့ လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခံရပြီးနောက် သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်ကြောင်း၊ ဘုတလင်မြို့နယ်အတွင်း ဒီဇင်ဘာ၂၈ရက် နေ့ကလည်း ကင်းစမ်းရွာအနီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကိုလည်း စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article