21 C
Yangon

ပျော်ဘွယ်မြို့၊ မန္တလေးတန်းရပ်ကွက်တွင် နှစ်သစ်ကူးည မူးနေသည့် ရဲတပ်သား ထက်ဦးပိုင် အပါအဝင် ရဲ ၅ ဦးက ပြည်သူများကို သေနတ်ဖြင့် ပစ်ခတ်သောကြောင့် လူထုက ပြန်လည်၀ိုင်းဝန်းရိုက်နှက်၍ ရဲများ ထွက်ပြေး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့၊ မန္တလေးရပ်ကွက်တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ နှစ်သစ်ကူးညပိုင်း မူးယစ်နေသည့် ရဲတပ်သား ထက်ဦးပိုင် အပါအဝင် ရဲ ၅ ဦးက ရပ်ကွက်ပြည်သူများကို သေနတ်ဖြင့် ပစ်ခတ်သောကြောင့် လူထုက လိုက်လံ၀ိုင်းဝန်းရိုက်နှက်ရာ ရဲများထွက်ပြေးသွားကြောင်း ဒေသပြည်သူများနှင့် ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၈ နာရီအချိန် န္တလေးတိုင်း၊ ပျော်ဘွယ်မြို့၊ မန္တလေးတန်းရပ်ကွက်တွင် လူငယ်များစုဝေးပြီး New Year ပျော်ပွဲရွှင်ပွဲကျင်းပနေခဲ့ကြောင်း၊ ထိုအချိန် ပျော်ဘွယ်မြို့မရဲစခန်းမှ ရဲတပ်သား ထက်ဦးပိုင်( အရပ်ဝတ်ဖြင့်)က အရက် မူးကာ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဆိုင်ကယ်လီဗာဆွဲ၍ အိတ်ဇောသံ ဆူညံနေအောင်ပြုလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် ရပ်ကွက်နေ လူငယ်များက ဆိုင်ကယ်အိတ်ဇောကို ဆူညံအောင် မပြုလုပ်ရန် တားမြစ်ခဲ့ရာ ” ငါ ရဲကွ၊ လုပ်တော့ ဘာဖြစ်လဲ” ဟု ရဲတပ်သား ထက်ဦးပိုင်က ဆဲဆိုကြောင်း၊ ရပ်ကွက်နေလူငယ်များနှင့် ရဲတပ်သား ထက်ဦးပိုင်တို့အကြား စကားများ ကြကြောင်း၊ ယင်းနောက် ရဲတပ်သားမှာ ဆိုင်ကယ်ဖြင့် ပြန်လည်ထွက်သွားခဲ့ကြောင်း သိရှိရသည်။

ထို့နောက် မိနစ် ၃၀ ခန့်အကြာတွင် ဆိုင်ကယ် ၃ စီးဖြင့် ရဲတပ်သား ထက်ဦးပိုင် ဦးဆောင်သော ရဲ ၅ ဦးက သေနတ် ၁ လက်ဖြင့် ပြန်လည် ရောက်ရှိလာပြီး လူအုပ်ကြားထဲသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ကျည် ၂ ချက် ထွက်သွားပြီးနောက် သေနတ်မှာ ဆက်ပစ်မရတော့ဘဲ ကျည်ညပ်သွားကြောင်း၊ လူငယ်များက လူထုကို သေနတ်ဖြင့် ပစ်ခတ်သော ရဲတပ်သား ထက်ဦးပိုင် ပါ ၅ ဦးကို ၀ိုင်းဝန်း ရိုက်နှက်ရာ ရဲ ၅ ဦးလုံး ထွက်ပြေးသွားကြောင်း၊ ရဲများ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ မရှိကြောင်း သိရှိရသည်။

ရဲတပ်သား ထက်ဦးပိုင် အပါအဝင် ရဲ ၅ ဦးထွက်ပြေးသွားပြီးနောက် ဆိုင်ကယ် ၃ စီးနှင့် သေနတ်ကျည် ၁၀ တောင့်၊ ကျည်အိမ်တစ်ခုတို့ ကျန်ရစ်ခဲ့ကြောင်း၊ ပျော်ဘွယ်မြို့မရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ က အခင်းဖြစ်ရာနေရာသို့ လာရောက်ပြီး ဆိုင်ကယ်နှင့်ကျည်များကို ပြန်လည် ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ညပိုင်း ကင်းလှည့်နေသော ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ညပိုင်း ကင်းလှည့်နေသော ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article