21 C
Yangon

နွားထိုးကြီးမြို့နယ် ဝက်လူးအရှေ့ရွာကို စစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်၍ ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၇ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ဝက်လူးအရှေ့ရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်၍ ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၇ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းတည့်ချိန် မြေပဲရိတ်သိမ်းနေသည့် တောင်သူများနှင့်ကောက်ရိတ်သမများ အကြား အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၊ လက်နက်ကြီး ထိမှန်မှုကြောင့် မတင်တင်မာ (အသက် ၄၀ နှစ်) ၊ မတင်မာ၏ သားဖြစ်သူ မောင်ကောင်းဇင်သန့် (၁၀ နှစ် )၊ မချစ်သဲမွန် (အသက် ၁၅ နှစ်)၊ မချိုမာ (၄၀ နှစ်)၊ မချိုမာ၏ သမီးဖြစ်သူ မအင်ကြင်းဖြူ (၁၁နှစ်) ၊ မောင်အောင်ပြည့်ဖြိုး (၄ နှစ်)၊ မအိအိမွန် (၃၆နှစ်) တို့ ၇ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် ဝက်လူးရွာအဝင် ရေကျော်တွင် ကင်းပုန်း ဝပ်နေသော အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့်လည်း မြို့သာဘက်မှ မောင်းနှင်လာသော Suzuki ခွေးဘီးလူးကားထိမှန်ကာ ကားကို မောင်နှင်လာသည့် ဝက်လူးအလယ်ရွာသား ဦးဇော်လတ်သည် ညာဘက်ပိုင်းကျည်ထိမှန်ကာလမ်း၏ ညာဘက် ၅ ပေအနက်ခန့် ချောက်ထဲကား တိမ်းမှောက်၍ သေဆုံးသွားခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

အလားတူ နွားထိုးကြီးမြို့နယ် ရွာသစ်ရွာဘက်မှ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်သည် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဒိုင်းလည်ကျေးရွာအတွင်း ဝင်ရောက်၍ မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

မီးရှို့ဖျက်ဆီးမှုကြောင့် ဒိုင်းလည်ရွာသား ဦးစိုး၏ နေအိမ် ၁ လုံး၊ နွားတဲ ၁ လုံး၊ ဆိုင်ကယ် ၁ စီး၊ မီးဖိုချောင် တစ်ဆောင်၊ နှမ်း ၆ တင်း၊ မြေပဲ တင်း ၅၀ ကို ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

+2

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article