25 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ အကြမ်းဖက်စစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းကို ထိုးစစ်ဆင် ချေမှုန်းနေတဲ့ ဗျူဟာ ၃၂ စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော ဦးဆောင်တဲ့ ကော်ဘရာကော်လံက တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်တွေ့ဆုံပြီး အားပေးစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
  • ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ အာရှလမ်းမကြီးကို ပြန်လည်သိမ်းပိုက်မယ်လို့ ကြွေးကြော်ထားတဲ့ အောင်ဇေယျစစ်ကြောင်းမှာ အကြမ်းဖက်စစ်တပ်က ပို့ပေးတဲ့ ရိက္ခာခြောက်တွေကို အရာရှိတွေသာ စားသောက်ခွင့် ရပြီး အောက်ခြေစစ်သားတွေဟာ ခေါက်ဆွဲခြောက်တစ်ထုပ်ကို ၃ ဦး မျှစားနေရတယ်လို့ အလင်းဝင်လာသူ စစ်သားတွေက ထုတ်ဖော်ပြောဆိုပါတယ်။
  • ကမ္ဘောဇဘဏ်စာရင်းတွေနဲ့ ချိတ်ဆက်ထားတဲ့ KBZ Pay ခေါ် K Pay အကောင့်တွေကနေ အလို အလျောက် ငွေကြေးတွေကို လွှဲပြောင်းတာ၊ ငွေတွေ ခိုးခံရတာတွေ ဖြစ်ပေါ်ပြီးနောက် KBZ Pay အကောင့်တွေကနေ ငွေတွေကို ပြည်သူတွေက ပြန်လည်ထုတ်ယူမှုများပြားနေလို့ အကောင့်တစ်ခုကို ငွေကျပ် ၁၀ သိန်းသာ ကန့်သတ်ထုတ်ပေးတော့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #မန်းဝင်းခိုင်သန်း #အောင်ဇေယျစစ်ကြောင်း #Kpay #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article